part 14

1.9K 105 3
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန် ထောင်က လွတ်လာချိန်တွင်
သူ့မိသားစုကို ဆက်သွယ်ခြင်း မရှိခဲ့သလို
ထိုအိမ်သို့လည်း မပြန်ခဲ့။

သူ၏ သူငယ်ချင်း မိုးမခဝေကို ဆက်သွယ်ခဲ့သည်။

"မန်မန် နင် အခု ဘာဆက်လုပ်မှာလဲ...."

မိုးမခဝေ ဆိုလာခြင်းပင်....။

မိုးမခဝေ မှာ ငယ်ရွယ်သလောက် ထက်မြက်သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ စီးပွားရေး နယ်ပယ်၌ အတော်လေး နေရာရထားသူဖြစ်သည်။

"မိုး...အဲ့နာမည်ကြီး မခေါ်ပါနဲ့လားဟာ...."

"ဘာလို့လဲ.... မန်မန်လေးကလည်း....
မန်မန်လေးလို့ ခေါ်တာ ဘာဖြစ်တုန်း....
မန်မန်လေးက ဘယ်လောက် ချစ်စရာကောင်း လဲ...မန်မန်လေးရဲ့....."

မခေါ်နဲ့ ဆိုမှ မန်မန် ခြင်းထပ်နေအောင် ပြောနေသော မိုးမခဝေကြောင့် တောမင်းတမန် မသိမသာ မျက်ဖြူလှန်မိသည်။

"စုံစမ်းခိုင်းထားတဲ့ ဟာရော....."

"လက်ရှိ.... နင့်အဖေရဲ့ လုပ်ငန်းတွေ အားလုံးကို ခွန်းရည်ချို လုပ်ကိုင်နေတာ....ရှိသမျှ လုပ်ငန်းတွေ အားလုံး...နင့်အမေရဲ့ ပိုင်ဆိုင်မှုတွေတောင်ပါတယ်...."

"အစ်မ ရည်လား...."

"မန်မန်... နင်အခုထိ သူ့ကို ယုံနေတုန်းလား...သက်သေရှာလို့မရပေမယ့် နင် ထောင်ကျရတာ သူ့ကြောင့်နော်..."

"ငါမယုံပါဘူး.... ငါ့ရဲ့ ရူးသွပ်မှုတွေက လုံလောက်ပြီ.....မိုး...."

"နင် ဒီလို တွေးနိုင်တာ ကောင်းတယ်.....
နင်သာ မပြောင်းလဲဘူးဆို ငါ အရင်
နင့်ကို သတ်မှာ...."

" မိုး....နင်ခုန ပြောတာ  သူတို့ပရောဂျက်
တစ်ခုလေလံဆွဲမလို့ဆို..."

"အင်း...."

"အဲ့ဒါကို ငါတို့ရအောင်ယူရမယ်..."

"အင်း...ငါ ပြင်ဆင်လိုက်မယ်...ဒါနဲ့...
နင် သူ့ဆီ သွားမလို့လား...."

တောမင်းတမန် နေရာက ထရပ်လိုက်သည်ကို မြင်သောကြောင့် မိုးမခဝေ  မေးလိုက်ခြင်းပင်....။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Donde viven las historias. Descúbrelo ahora