ဒီနေ့ Tae Hyung နဲ့ Louis အတန်းမတက်ဘဲ Shopping Mall မှာ လျှောက်မွှေနေတာ
ထုံးစံအတိုင်း Tae Hyung က Gucci ဆိုင်ကို ပဲ မျက်စိကျနေတာ Louis က ကျ ဘာ Brand ပဲဖြစ်ဖြစ် ကြိုက်ရင် ဝယ်လိုက်တယ် ဝယ်ပြီးလည်း ဝတ်ချင်မှ ဝတ်တယ် အဲ့လိုလူမျိုးးး
ဒီနေ့လည်း Louis မှာ ဝယ်ချင်တာ ရှိလို့လာတာမဟုတ် Kim နဲ့ နှစ်ယောက်တည်း ရှိနေချင်လို့ လာတာ အခုတလော သူ နဲ့ Kim ရဲ့ တူတူ ရှိရမယ့်အချိန် ကို ဆံဝါကောင် က လုယူထားတာ အခုတော့ ဆံမဲကောင်ပေါ့Gucci ဆိုင်ထဲ မှာ လျှောက်ကြည့်နေရင်း Tae Hyung နောက်ကျောမလုံတဲ့ ခံစားချက်ကြီး ခံစားလာရတယ် တစ်ယောက်ယောက် က လိုက်ကြည့်နေသလိုမျိုး Louis ကလည်း မျက်မှန် တန်း မှာ မျက်မှန်သွားကြည့်နေတာကို ဘေးဘီဝဲယာ ဝေ့ဝဲကြည့်လိုက်တော့ ဘာမှ ထူးခြားတာမတွေ့
အာရုံတွေကို သူ ကြိုက်တဲ့ Gucci ပေါ်မှာပဲ ပြန်နှစ်ထားလိုက်တော့တယ်"Hey Kim ဘာတွေဝယ်ပြီးပြီလဲ"
"ထုံးစံအတိုင်း အင်္ကျီ တစ်ထည် ဘောင်းဘီ တစ်ထည် ပါပဲ"
"မင်းရော""ငါ က တော့ ဖိနပ်တစ်ရံ ဝယ်ခဲ့တယ်"
"မျက်မှန်သွားကြည့်နေပြီး ဖိနပ်တဲ့လား "
"ဟုတ်ပါရဲ့ Lunch စားကြမယ်လေ Kim ဘာစားချင်လဲ"
"Spaghetti "
" Ok Third Floor ကို go မယ်"
Louis နဲ့ အတူ The Pizza ကို ရောက်တော့
သူ က Spaghetti မှာပြီး Louis က Seafood Pizza မှာတယ်မှာထားတာလေးတွေ စောင့်နေရင်း နောက်ကျောမလုံသလို ခံစားလာရတာမို့ ပတ်ဝန်းကျင် ကို တစ်ချက်ဝေ့ကြည့်တော့ Oh God
တစ်ကိုယ်လုံး All Black နဲ့ Bucket ဦးထုပ်ဆောင်းပြီး mask တပ်ထားတဲ့တစ်ယောက် က သူ့ကိုကြည့်နေတာ မျက်စောင်းထိုး ဝိုင်းကနေTae Hyung ပြန်ကြည့်လိုက်တော့မှ ခေါင်းငုံ့ပြီး အကြည့်လွှဲသွားတာ
ဂဏာမငြိမ်ဖြစ်နေတဲ့ Kim တစ်ယောက် ကို Louis မေးခွန်းထုတ်ရတဲ့အထိ
"ဘာဖြစ်နေတာလဲ Kim"
"ဘာမှမဖြစ်ပါဘူး"
"အဲ့ဒါဆိုလည်း လှည့်ကြည့် လှည့်ကြည့် လုပ်မနေနဲ့လေ"
"ဘယ်ဟာ ကို ကြည့်လို့လဲ စားပြီးရင် သွားမယ်"
"အင်း အင်း သွားမယ်"
YOU ARE READING
Be My Jewel 💎 Completed 💎
RomanceJeon Jung Kook xKim Tae Hyung Started Date _ 27.4.2021 Completed Date_26.10.2021