💎 Ch-14

2.8K 249 2
                                    


"Co-CEO Kim ကို CEO က သူ့ရုံးခန်း ကို လာခဲ့ဖို့ ပြောနေပါတယ်"

ဒယ်ဒီ့ အတွင်းရေးမှူး Kan က လာပြောတယ်

" ကျနော် ခဏနေ လာခဲ့မယ် အတွင်းရေးမှူး Kan"

ပြောရမယ်ဆို Tae Hyung မှာ အခုထိ အတွင်းရေးမှူး မရှိသေးဘူး ဒယ်ဒီ က Korea က အလုပ်တွေ ကို သူ့ကိုလွှဲပေးဖို့ စီစဉ်ထားပုံပဲ ပြီးရင် အတွင်းရေးမှူး Kan က သူ့ အတွင်းရေးမှူး ဖြစ်လာမယ်ပေါ့ ဒယ်ဒီ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်

အခန်းထဲကိုဝင်သွားလိုက်တော့ ဒယ်ဒီ က အဆင်သင့် စောင့်နေတယ်

"အရေးကြီး ပြောစရာရှိလို့လား CEO"

"အင်း ရှိတယ် ဒယ်ဒီ သားကို CEO အဖြစ် လက်လွှဲပေးတော့မှာ ဒီတပတ် Friday Meeting မှာ အားလုံးကိုအသိပေးမှာ အဲ့နေ့ သားရှိဖို့လိုတယ်"

"အဲ့လို လုပ်မှ ဖြစ်မှာလား ကျနော် က မလုပ်ချင်တာကို သိနေရဲ့နဲ့ လုပ်ခိုင်းမှာလား ဒယ်ဒီ"

"သား Tae သား မှာ ရွေးချယ်စရာ မရှိဘူး သား မှ မလုပ်ရင် ဒယ်ဒီ က ဘာ်သူ့ကို ခိုင်းရမလဲ သား လုပ်ချင်တာ လုပ်ဖို့ အတွက်လည်း သားမှာ ကိုယ်ပိုင် အင်အား ရှိမှဖြစ်မှာ ဒယ်ဒီပြောတာကို သေချာ စဉ်းစားပါ"

"နောက်ဆုံးတော့ ဒယ်ဒီ ကလည်း မာမီ လိုပါပဲ"

"ဒယ်ဒီ က သား ကို Jeon Group သား နဲ့ မကန့်ကွက်ပါဘူး သား မာမီ ကို ဆန့်ကျင်ချင်ရင် သား မှာ အင်အား လိုတယ်နော်"

"ကျ‌နော် Friday အစား Tuesday သွားတက်လိုက်မယ် ခွင့်ပြုပါဦး CEO"

ဒယ်ဒီ က ခေါင်းညိတ်ပြတာ နဲ့ သူ ထွက်လာလိုက်တယ် စိတ်ခံစားချက် ကို မထိန်းနိုင်တော့ သူ ပြောနေတာ CEO ဖြစ်လိုက် ဒယ်ဒီ ဖြစ်လိုက်နဲ့
နောက်ဆုံးတော့ သူလည်း ပုံစံခွက်ထဲက အတိုင်းပဲ ဖြစ်သွားတာပဲ

ဒီနေ့ Tae Hyung တစ်ယောက်တည်း ကျောင်းမှာ Jeon Jung ရော Louis ရော က သူတို့အလုပ်မှာ
Breakfast စားတော့လည်း တစ်ယောက်တည်း အတန်းထဲလည်း တစ်ယောက်တည်းရယ်
Lunch စားတော့ လည်း တစ်ယောက်တည်းပေါ့
ပျင်းပျင်းရိရိ နဲ့ ပဲခေါက်ဆွဲထဲက ဝက်သား ကို ဝါးနေမိတယ် သူ့စားပွဲမှာ လာထိုင်တဲ့ လူ ကိုကြည့်လိုက်တော့ Jung Ho Soek ဆိုတဲ့လူ
သူ့ကို တောက်ပတဲ့ အပြုံးတွေ နဲ့ လာရယ်ပြနေတာ လူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတယ်

Be My Jewel 💎 Completed 💎Dove le storie prendono vita. Scoprilo ora