[Unicode]
အဖြူရောင်Suit လေး ဝတ်ဆင်ထားတဲ့ Tae Hyung
လက်ထပ်ပွဲကိုသွားဖို့ပြင်ထားတဲ့ မာစီဒီးကားပေါ်တက်လိုက်တယ် Jeon Jung Kook ကို မုန်းပေမယ့် အခုချိန်ထိ မျှော်နေမိတယ် ဖုန်းလည်း မဆက် လာလည်း မတွေ့ခဲ့ဘူး Tae Hyung ကို တကယ် လက်လွှတ်လိုက်ပြီပေါ့ အရူးလို လိုက်ခဲ့တဲ့ကောင် ကလေ တွေးရင်း မျက်ရည်ဝဲလာပြန်တယ် မျက်လုံးတွေ အရမ်းအစ်နေလို့ မိတ်ကပ်နဲ့ မနည်းအဆင်ပြေအောင်လုပ်ထားရတာ ထပ်ငိုလို့မဖြစ်တော့ဘူးကား က ရုတ်တရက် လမ်းဘေးထိုးရပ်လိုက်တယ် Tae Hyung စီးလာတဲ့ ကား ကို ကျော်တက်ပြီး ရပ်လိုက်တဲ့ ခရမ်းရောင် ပြိုင်ကားလေး
ကားပေါ်က ဆင်းလာတာက Tae Hyung နဲ့ တစ်ပုံစံတည်း တူတဲ့ အဖြူရောင် suit ဝတ်ထားတဲ့ Louis လက်ထဲမှာ ရွှေရောင်မျက်နှာဖုံးလေး ကိုင်ထားတယ်ကားတံခါး ကိုဆွဲဖွင့်လာပြီး ပြောတယ်
"ငါ့ရဲ့ Kim ပင်ပန်းသွားပြီ"
"Louis ရောက်လာသေးတယ်နော် မျက်နှာဖုံး လာပေးတာလား ငါ့ကို"
"Kim အတွက် မျက်နှာဖုံး မလိုပါဘူး"
Ho Soek လက်ထပ်ပွဲ မှာ မျက်နှာချင်း ဆိုင်ပြီး ရပ်နေရင်း မျက်လုံးတွေ ကို စိုက်ကြည့်မိတော့ တုန်လှုပ်သွားတယ် မျက်နှာဖုံးအောက်က မျက်လုံးတွေ က Tae မျက်လုံးတွေ မဟုတ်ဘူး ကျမ်းကျိန်တဲ့အချိန် ထွက်လာတဲ့ ဖြေသံ နောက်မှာ Ho Soek ကမ္ဘာ က ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ် Kim Tae Hyung က သူ့ကို ဒီလို လုပ်ချသွားတာလား
လက်ထပ်ပွဲ ကို ဒီအချိန်ဖျက်လိုက်ရင် အကုန်ကမောက်ကမ ဖြစ်ကုန်မယ် မဖျက်ရင်လည်း သူ့ဘဝကြီး က ကမောက်ကမ ဖြစ်တော့မယ် အဖေ နဲ့ အမေ ကို လှမ်းကြည့်တော့ သူ့ကို ကြည့်ပြီး ကျေနပ်နေတဲ့ပုံပါပဲ Mrs.Kim ကတော့ မျက်နှာပျက်နေတယ် Ho Soek မျက်လုံးစုံမှိတ်ပြီး ဆုံးဖြတ်ချက် ကို ခက်ခက်ခဲခဲ ချလိုက်တယ်ခရမ်းရောင် ပြိုင်ကားလေး က ဦးတည်သွားနေတာ Jeon Group ပိုင် Hotel ရဲ့ ခန်းမ အသစ်ကြီး ကို
ကားထဲက လေထု ကတော့ တော်တော်အေးစက်နေတယ် Tae Hyung အတွက် အိပ်မက်လိုလို တကယ်ဖြစ်နေတာ လိုလို နဲ့ ဖြစ်နေတာတွေကို လိုက်မမှီဘူး Louis က Tae Hyung ကို ကားပေါ်က ဆင်းခိုင်းပြီး ပွေ့ဖက်ကာ မာစီဒီးကား ပေါ်တက်သွားတယ် အံ့ဩတကြီးရပ်နေတဲ့ သူ့ကို ခရမ်းရောင်ပြိုင်ကား ထဲ က ဂျွန်ဂျောင်ကု ထွက်လာပြီး လာခေါ်တယ် လက်ကို ဆွဲခေါ်တဲ့အတိုင်း လိုက်လာခဲ့တာ Jeon Jung Kook က ဘာမှ မပြောလာသလို Tae Hyung ကလည်း မေးဖို့ အာရုံမရ စိတ် နဲ့ ကိုယ် နဲ့ မကပ်သလို ဖြစ်နေတယ်
ESTÁS LEYENDO
Be My Jewel 💎 Completed 💎
RomanceJeon Jung Kook xKim Tae Hyung Started Date _ 27.4.2021 Completed Date_26.10.2021