[Unicode]
"ကျနော် Jeon Jung မှ မဟုတ်ရင် ဘယ်သူ နဲ့မှ မယူနိုင်ဘူး မာမီ""ခုတလော မင်း မလုပ်နိုင်တာတွေ ဘာလို့ များနေတာလဲ သား Tae"
"မာမီ က မာမီ အသည်းကွဲရတိုင်း သား ကို ပါ ကွဲစေချင်နေတာ"
"တော်တော့ သား မင်း မာမီ ကို ဒယ်ဒီ ဆက်ပြောပေးမယ် အပေါ်တက်တော့"
"တက်မှာပါ ကျနော် အခုကစပြီး အရင် Tae Hyung မဟုတ်တော့ဘူး ဆိုတာတော့ သိထားပေးပါ"
ပြောပြီး အပေါ်ကို တက်သွားတဲ့ Tae Hyung
Mr.Kim က Mrs.Kim ကို စကားစမပြောရသေးခင် ပိတ်ပြောလာတဲ့ စကားတစ်ခွန်း
"အခု ကိစ္စ မှာ ရှင် ဝင်မပါ ပါနဲ့ ဖြောင်းဖျဖို့လည်း မကြိုးစားပါနဲ့ ကျမ ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ကျမထက် ဘယ်သူ ကမှ ပိုမသိနိုင်ဘူး"
Mr.Kim က သက်ပြင်း အကြီးကြီးချပြီး ပြန်ပြောတယ်
"ဟုတ်ပါပြီ မင်း အကြောင်း မင်း အသိဆုံးပဲနေမှာပေါ့ သား ကိုတော့ ဖိအားမပေးပါနဲ့တော့"
ပြောပြီးတာနဲ့ ထထွက်သွားတော့တယ်
Kim အိမ်တော် က ပြဿနာ မရှိလည်း တိတ်ဆိတ်ခြောက်ကပ်နေတာ ပြဿနာ ရှိတော့ ပိုဆိုးတာပေါ့"Morning ရတနာလေး"
Jung Kook က လွန်ခဲ့တဲ့ သုံးရက်ကဘာဆိုဘာမှ မဖြစ်ခဲ့သလို နှုတ်ဆက်လိုက်တယ် Mrs.Kim က စိတ်ပျက်ဖို့ကောင်းတဲ့ အဒေါ်ကြီး ပေမဲ့ Kim Tae လေး ကို မနွမ်းစေချင်ဘူး
Kim Tae စိတ်ရှုပ်ရမှာ ကို မလိုလားဘူး ပြဿနာတွေ ကို သူကပဲ ဖြေရှင်းချင်တာ Jung Kook က တခြားသူတွေလို အပြောကြီးပဲ ရှိတာမဟုတ်ဘူး တကယ် သူကိုယ်တိုင် Kim Tae ကို စိတ်ချမ်းသာအောင် ထားနိုင်တယ်သူ့ပါး ထဲ နှာခေါင်းချွန်ချွန်လေး နစ်ဝင်တဲ့ အထိ လာနမ်းတဲ့ Kim Tae တခါတရံ ထလုပ်တတ်တဲ့ ဒီအပြုအမူတွေကလည်း သူ့ကို နစ်ဝင်သထက်ဝင်အောင် လုပ်နေတယ် Kim Tae ဆိုတဲ့ ဝဲဂယက်လေးထဲ မှာ
"Morning,Jeon Jung"
နမ်းပြီး မှ နှုတ်ဆက်တယ်ပေါ့ မျက်နှာလေးကတော့ နည်းနည်းဖောင်းနေတယ် အိပ်ရေးဝတဲ့ မျက်နှာ နဲ့
သူ့ကားလေး ကို ဖြည်းဖြည်းပဲ မောင်းပြီး ကျောင်းကိုလာတယ် ဒီနေ့ က ကျောင်းမှာ Kim Tae နဲ့ သူ ပဲရှိမှာ ဟို Lowish ဆိုတဲ့ကောင် က မနက်ဖြန်မှတက်မှာ အတွဲတွေကြား ကန့်လန့် ကန့်လန့်ပါတဲ့ အဲ့တစ်ယောက်ကို မျက်နှာကြော လုံးဝမတည့်တာ သူ့ကိုလည်း အမြင်ကတ်နေမှန်း သိပါတယ်
YOU ARE READING
Be My Jewel 💎 Completed 💎
RomanceJeon Jung Kook xKim Tae Hyung Started Date _ 27.4.2021 Completed Date_26.10.2021