[Unicode]
Jung Kook ထိုင်မရ ထမရ ဖြစ်နေတယ် ဒီနေ့ Kim Tae အိမ်မှာ Ho Soek Hyung တို့ နေ့လည်စာ သွားစားကြမှာ ဒါက နေ့လည်စာ စားရုံသက်သက် မဟုတ်တာ လူတိုင်းသိတယ် Kim Tae အိမ် ကို အလည်သွားပေးဖို့ Lowish ကို တောင်းဆိုထားရတယ် ဒါမျိုးဆို နှစ်ခါ မတောင်းဆိုရတဲ့ Lowish က အသာတကြည်လက်ခံပြီး တနေ့လုံးနေပေးမယ် ပြောတယ်မနေ့က ညနေ Kim Tae ကို သွားမကြိုခင် သူ ရေမိုးချိုးဖို့ အိမ်ပြန်တယ် သူ့အခန်းကို မရောက်ခင် ပါး စာကြည့်ခန်းရှေ့က အရင်ဖြတ်ရတယ် အခန်းရှေ့က အဖြတ် မား စကားပြောသံပါ ကြားလိုက်တာမို့ ရပ်နားထောင်မိတယ် ပါး နဲ့ မား က စကားပြောရင် ဧည့်ခန်းမှာပဲ ပြောကြတာမို့ အခု ဘာတွေပြောနေတာလဲ သူ စပ်စုမိတာ
"ဘယ်လိုလုပ်မလဲ ကို Kim So Yoon က ကျမတို့ကို ခုထိ အခဲမကျေသေးတဲ့ပုံပဲ သားငယ်လေး နဲ့ သဘောလုံးဝမတူနိုင်ဘူးပြောတယ် ကျမ ကို ပြောလိုက်သေးတယ် Jung Group က သားနဲ့ပဲ သဘောတူတာတဲ့"
"Lee Yung ရယ် ဘာလို့ သွားတွေ့ရတာလဲ So Yoon က ဘယ်လောက်တောင်အမှတ်ကြီးလိုက်သလဲ ဖြစ်ခဲ့တာတွေမှာ သူမှားတယ် လို့ တွေးမှာ မဟုတ်ဘူး သူများကိုပဲ အပြစ်တင်နေတတ်တဲ့ လူမျိုးလေ"
"ဒါဆို ဘယ်လိုလုပ်ရမလဲ ကို ရဲ့ သားငယ် က သူ့သားကို မှ ချစ်နေတာလေ သူက သားငယ် ကို အသည်းကွဲစေချင်နေတာ မဟုတ်ဘူး သားငယ် ခံစားနေရတာ ကို ကျမတို့ကို မြင်စေချင်နေတာ"
"ကိုယ် Mr.Kim နဲ့ တရက်တွေ့ပြီး စကားပြောကြည့်ဦးမယ် အရမ်း မစိုးရိမ်ပါနဲ့"
"ကို သိရဲ့သား နဲ့ Mr. Kim Hoon က So Yoon အလိုကျအမြဲဖြစ်စေခဲ့တာကို"
"အေးပါကွာ ကိုယ်သိပေမယ့် အဓိက က ကလေး နှစ်ယောက်ပါပဲ"
"ပြီးတော့ သားငယ်လေး ကို မွေးစားထားတာ ကိုလည်း So Yoon ကသိနေတယ် သား ကို ပြောလိုက်မှာ စိုးနေတာ"
"ကိုယ်တို့ရဲ့ လက်ထဲရောက်လာတည်းက သားအရင်းပါပဲ Jung Kook လေးက ဘုရားပေးတဲ့ လက်ဆောင်လေးပါ မစိုးရိမ်ပါနဲ့ သိသွားရင်လည်း သား က ပြောင်းလဲမှာမဟုတ်ပါဘူး ကိုယ်တို့အပေါ် "
ဘာတွေဆက်ပြောလဲ Jung Kook မသိတော့ တိတ်တိတ်လေး ပြန် ဆင်းလာပြီး ကားပေါ်တက်ကာ Kim Tae ဆီကိုပဲ မောင်းထွက်လာမိတယ် ကား Parking ရောက်မှ Steering Wheel ပေါ် မှောက်ပြီး ငိုမိတယ် ပါး နဲ့ မား က မွေးစားသားလို့ မထင်ရအောင်ကို သူ့ကိုချစ်ပေး ဂရုစိုက်ပေးကြတာသိပေမဲ့ ဘာလို့ဝမ်းနည်းမိတာပါလိမ့် ခေါင်းကို ထိုင်ခုံနောက်ကို မှီချပြီး Kim Tae လာမယ့်လမ်းကို Back မှန်ကနေ ကြည့်နေမိတယ် Kim Tae ကရော သူ့လို မွေးစားသား ကို ချစ်ပါ့မလား သူ့ကားဆီ ကို လျှောက်လာတဲ့ Kim Tae က တကယ့် CEO ကြီးလိုပဲ ခန့်ညားနေတာ ကားထဲဝင်ထိုင်တဲ့ Kim Tae ကို အတင်း ဆွဲနမ်းတော့ ဘာဖြစ်လို့လဲ တစ်ခွန်းသာမေးပြီး သူ့ကို ထပ်မမေးတော့ အဲ့ဒီညနေက Kim Tae နှုတ်ခမ်းတွေ ယောင်ကိုင်းသွားတဲ့အထိ နမ်းပစ်မိခဲ့တာ
YOU ARE READING
Be My Jewel 💎 Completed 💎
RomanceJeon Jung Kook xKim Tae Hyung Started Date _ 27.4.2021 Completed Date_26.10.2021