[Unicode]
အိပ်ရာပေါ်မှာ မျက်နှာလေး ဖြူဖျော့ဖျော့ နဲ့ သတိလစ်နေတဲ့ Kim Tae Jeon အိမ် ရဲ့ Family Doctor ကို ခေါ်ပြီး အားဆေး ချိတ်ပေးထားတယ် Kim Tae မေ့သွားတော့ Jung Kook ကယောင်ချောက်ခြား နဲ့ အိမ်ခေါ်လာခဲ့တာ မား က လည်း စိုးရိမ်တကြီး ဆရာဝန်ခေါ်ပေးပြီး Kim Tae ကို အင်္ကျီလဲပေးရှာတယ် အလိုက်တသိ သူ့ကို ဘာမှ မမေးရှာဘူး ဆရာဝန်ကတော့ Stress တွေများပြီး အအိပ်အစား မမှန်လို့ ပြောတယ် Kim Tae ဖုန်း ယူပြီး Louis အိမ်မှာ ပဲ ဒီည အိပ်လိုက်မယ် မတွေ့တာကြာနေလို့ ဆိုပြီး မာမီ ဆိုတဲ့ contact ကို ပို့ထားလိုက်တယ်Kim Tae ဘေးမှာပဲ ထိုင်နေပြီး ချောင်ကျသွားတဲ့ မျက်နှာလှလှလေး ကို ကြည့်နေမိတယ် Kim Tae က သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေး ပါ Kim Tae နဲ့ သူ နှစ်ဦးသဘောတူ တစ်ကြိမ်တစ်ခါ အချစ်တွေ ဖလှယ်ခဲ့ပေမယ့် အဲ့ဒါကလည်း Kim Tae သဘောတူလို့ပါ Kim Tae ဆန္ဒမပါရင် သူ ဘာကိုမှ အတင်းအကျပ်မလုပ်ချင်ပါဘူး အခု သူ့ကို ယုတ်မာတဲ့ သူ လို့ ထင်ပြီး မုန်းသွားမှာစိုးတယ်
Kim Tae လက်လေး ကို ကိုင်ပြီး ခပ်ဖွဖွ နမ်းမိတယ် ပါးပြင်လေး ကို တို့ထိပြီး Kim Tae ဘေးနား ဝင်လှဲပြီး ခပ်ခွာခွာ အိပ်စက်လိုက်တယ်နေရောင်ဖျော့ဖျော့ က မျက်နှာပေါ်ကျလာတဲ့ ခံစားချက်နဲ့ Tae Hyung အိပ်ရာ နိုးလာတယ် အားပြည့်နေသလို ခံစားရပေမဲ့ သူ့ ခန္ဓာကိုယ်တွေ ကိုက်ခဲနေတယ် သူ မရင်းနှီးတဲ့ အခန်းထဲ ရောက်နေတာ မို့ ဝေ့ဝဲကြည့်မိတယ် ဘေးဘက် ကို ကြည့်မိတော့ သူ နဲ့ ခပ်ခွာခွာ မှာ ဘေး တစောင်းလှဲရင်း သူ့ကို စိုက်ကြည့်နေတဲ့ Jeon Jung ...Tae Hyung ရုတ်တရက် လန့်သွားပြီး တုန်သွားတယ်
"နိုးပြီလား ရတနာလေး"
"ဪ လန့်သွားတာလား""ဪ အင်း"
Tae Hyung ထထိုင်လိုက်တော့ Jeon Jung လည်း လိုက်ထိုင်တယ် ဒါပေမဲ့ သူ့အနားကိုတော့ တိုးမလာဘူး
"Kim Tae အနား ကို လာလို့ရမလား"
ခေါင်းညိတ်ပြလိုက်တော့ အနားကိုတိုးကာ Jeon Jung က ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ် Tae Hyung ရဲ့ ကျောပြင်လေး ကိုလည်း ဖွဖွလေး ပွတ်သပ်ပေးနေတယ်
"ကိုယ့်ကို ခွင့်လွှတ်ပေးပါလား ရတနာလေး"
"ဟင်"
ESTÁS LEYENDO
Be My Jewel 💎 Completed 💎
RomanceJeon Jung Kook xKim Tae Hyung Started Date _ 27.4.2021 Completed Date_26.10.2021