1.2K 71 46
                                    

"စိမ်းလန်းနွေဦး"

နွေဦးမှာ အရာရာဟာ ပြန်လည်စတင်တယ်။ ဆောင်းကာလတွေတုန်းက သွေ့ခြောက်ခဲ့ရတဲ့ သစ်ပင် ပန်းမာန်တွေဟာ စိမ်းစိုစွာ ပြန်လည်ဖူးပွင့်လာကြတယ်။ မြက်ခင်းပြင်တွေဟာ ပိုစိမ်းစိုလာပြီး တိရိစ္ဆာန် လေးတွေဟာ ဆောင်းခိုရာကနေ ပြန်ထွက်လာကြတယ်။ နှင်းတွေအရည်ပျော်ပြီး ရေခဲပြင်တွေအစား ကြည်လင်ရှင်းသန့်တဲ့ ရေပြင်က နေရာယူထားတယ်။ လောကသစ်ဟာ သက်ရှိအပေါင်းကို စောင့်ကြို နေတယ်။

နွေဦးရောက်ပြီဆိုတဲ့ အဓိပ္ပာယ်ဟာ အစတစ်ဖန် ပြန်လည်သက်ဝင်ရှင်သန်ခြင်းပါတဲ့။

========================================================

မြထိပ်ထားရဲ့ ဘဝမှာ ဥတုရာသီတွေကို ဘယ်တုန်းကမှ သတိမထားခဲ့မိဖူးဘူး။ ဒါကလည်း သူရှင်သန် ကြီးပြင်းလာရတဲ့ အနေအထားကြောင့်လည်း ပါပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုကလည်း သိတဲ့ အတိုင်းပဲ။ မြ သိပ်ကြိုက်တဲ့ ကာတွန်းဆရာတစ်ယောက် ရေးဖူးသလိုမျိုး "မြန်မာမှာ ရာသီဥတု သုံးမျိုး ရှိတယ်။ ပူတဲ့ ရာသီရယ်၊ မိုးရွာတဲ့ ရာသီရယ်၊ အရမ်းပိုပူတဲ့ ရာသီရယ်" ဆိုပြီးတော့ပေါ့။ ကျောင်းတုန်း က စာစီစာကုံးရေးရလို့ ရွေးချယ်စရာပါခဲ့ရင်လည်း မြက ဘယ်တုန်းကမှ ဖွဲ့နွဲ့ဆိုရတဲ့ အပုဒ်တွေ မရေး ဖူးဘူး။ သူရွေးတာက အချိန်ရှိခိုက်လုံ့လစိုက် တို့လို အပုဒ်မျိုးတွေပဲ။ မြက ဘယ်တုန်းကမှ ခံစားချက်ကို ဦးစားပေးရတာ မကြိုက်ဘူး။

ဒါပေမဲ့လည်း မျှော်လင့်သလိုမဖြစ်လာတာက လူ့ဘဝကြီးပဲမဟုတ်လား။ မြ ဘဝမှာ ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျမလဲလို့ တွေးကြည့်ဖူးပေမဲ့ သူ့အိမ်ထောင်ဖက်ဖြစ်လာတဲ့ ဝဏ္ဏမင်း လိုလူမျိုးနဲ့တော့ မတွေးခဲ့ဖူးဘူး။ မြ အလုပ်လုပ်တဲ့ နယ်ပယ်ထဲက ဒါရိုက်တာတစ်ယောက်ဖြစ်တာမို့ မိဘတွေက တိုက် တွန်းတဲ့အခါမှာ မြ မငြင်းဆန်ဖြစ်ခဲ့ဘူး။ မြ အမြဲတွေးတာက အိမ်ထောင်ရေးဆိုတာက ယူလိုက်ပြီးမှ အချစ်ကို တည်ဆောက်လို့ရတယ်ပေါ့၊ ဒါမှမဟုတ်လည်း နားလည်မှုတစ်ခုနဲ့ နေသွားလို့ရတယ်ပေါ့။ ဒါ ကလည်း မြမိဘတွေကို ကြည့်ပြီး ဖြစ်လာတဲ့ အတွေးပါ။ သူ့ထက် အသက်နည်းနည်းပဲကြီးမယ့် ဝဏ္ဏကို သူ မငြင်းဆန်ဖြစ်ခဲ့တာက ဘာဖြစ်လို့များ သူ့ဘဝကို ပြောင်းလဲစေရတာလဲ သူမတွေးတတ်တော့ဘူး။ ကိုးကွယ်ရာ ဘာသာတရားကို သက်ဝင်ယုံကြည်မှု အားနည်းခဲ့လို့များလား။ ဘာပဲဖြစ်ဖြစ် မြ က တစ်ဖက်သတ်ဖြစ်နေတဲ့ အိမ်ထောင်ရေးတစ်ခုကို ရုတ်သိမ်းဖို့ သတ္တိတော့ရှိနေသေးတယ်။ အဲဒါကပဲ မြ ကို လောကသစ်ထံ လမ်းပြခဲ့တယ်။

စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦးWhere stories live. Discover now