448 63 62
                                    

မြ ရောက်လာလို့ဆိုပြီး ခွင့်ယူပေးတဲ့ ဦးဦးကို ကျေးဇူးတင်စွာနဲ့ မြတို့ လန်ဒန်ကို လျှောက်လည်ဖြစ်ကြ တယ်။ တကယ်ကတော့ မြက လန်ဒန်ကို ဒီလောက်စိတ်မဝင်စားလှပါဘူး။ ဦးဦးရှိတဲ့ နေရာမို့သာ ရောက် လာတာ။ ဦးဦးက ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိမယ်ဆိုလည်း အဲဒီကိုသွားမှာပဲ။ ဦးဦးက အန္တာတိကကို သွားမယ်ဆိုလည်း သူလိုက်မှာပဲ။ ဒါပေမဲ့ မြ ဘယ်တုန်းကမှ မသိခဲ့တာက မြ ဘဝအတွက် အရေးပါလာ မယ့် တစ်စုံတစ်ယောက်ကို လန်ဒန်မှာတွေ့ရလိမ့်မယ်ဆိုတာပါပဲ။ မဟုတ်ဘူး တွေ့တောင် တွေ့ခဲ့ပြီးပြီ။

ရေခဲမုန့်ဆိုင်က မျက်လုံးပြာပြာနဲ့ ကောင်လေးကို မြ ထပ်တွေ့ခဲ့ရပါတယ်။ ဒီတခါတော့ မင်္ဂလာပွဲတစ်ခု မှာ တွေ့ခဲ့ရတာပါ။ အင်္ဂလန်မှာ ကျောင်းတက်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းထဲမှာ ဆရာဝန်ကလည်း မနည်းလှဘူး။ အဲဒီက မြန်မာဆရာဝန်လေးနှစ်ယောက်ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးကို ဦးဦးနဲ့အတူ မြ တက် ရောက်ဖြစ်တယ်။ ဘာရယ်တော့မဟုတ်ပါဘူး၊ ပျင်းနေတာနဲ့ပဲ လိုက်သွားတာပါပဲ။ မင်္ဂလာဦး ဆွမ်းကျွေး က လန်ဒန်နားက မြန်မာဘုန်းတော်ကြီးကျောင်းတစ်ခုမှာ လုပ်တာ။ မြို့ပြင်နားမှာပါပဲ။ ဦးဦးရဲ့ကားနဲ့ တခြားလူကြုံတွေပါ ခေါ်တင်လာသေးတယ်။ ဦးဦးမိတ်ဆွေတွေပေါ့။ ဟိုရောက်တော့ ဆွမ်းကပ်တဲ့ အချိန်တောင် ကျော်နေပြီ။ မြကတော့ ပန်းတွေကိုပဲ စိတ်ဝင်စားနေမိတယ်။ ဒီ ပန်းတွေကို အလှဆင်ထား တာ သိပ်ထူးခြားပြီး လှပနေတယ်လေ။ အရောင်အနုနဲ့ အရင့်တွေကို စပ်သုံးထားတာက ပွဲနဲ့ လိုက်ဖက် သွားစေတယ်။ ဘုန်းတော်ကြီးကျောင်းဆိုတဲ့ အရိပ်အာဝါသနဲ့လည်း ကိုက်ညီမှုရှိတယ်။ မြန်မာဆန်သလို အနောက်တိုင်းလည်းဆန်သေးတယ်။ သူတို့ ပန်းဖိုးတင် မနည်းဘူး၊ ကုန်မယ် လို့ မြတို့ ဝိုင်းက ဆရာဝန် အစ်မတစ်ယောက်က မှတ်ချက်ပြုတာကို မြ ထောက်ခံမိတယ်။ တကယ်တော့ မြ မြန်မာပြည်မှာတုန်းက

လုပ်ခဲ့တဲ့အလုပ်က ငွေကြေးဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုရဲ့ ပြင်ပဆက်ဆံရေး မန်နေဂျာဖြစ်တာမို့ ဒီလို ပန်းအလှဆင်မှုမျိုးနဲ့ မစိမ်းဘူး။ ကုန်ကျစရိတ်ကို ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ လက်ရာက ဆန်းလွန်းလို့ မြ စိတ်ဝင်စားမိသွားတာ။ မြ အလုပ်ကိုတောင် ပြန်သတိရမိသွားတယ်။ အလုပ်ကပါလာတဲ့ အကျင့်က မပျောက်သေးတာမို့ မြ လိုလိုမယ်မယ် ဒီပန်းဆိုင်ကို စုံစမ်းထားဦးမှလို့ တွေးမိတုန်းပဲ မင်္ဂလာစုံတွဲက သူတို့ ဝိုင်းကိုရောက်လာပြီး ဧည့်ခံတယ်။

စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦးWhere stories live. Discover now