Episode - 13

1K 130 11
                                    


UNICODE

စားသောက်ပြီးလို့ Jimin တို့နဲ့အတူ ပန်းဆိုင်လေးဆီသို့ လမ်းလျှောက်ရင်း စကားတွေပြောလာသည်။ တစ်လမ်းလုံးလည်း Jiminအသံနဲ့ပြည့်နေလေ၏။  အေးပေါ့လေ သူကြိုက်တဲ့ကောင်မလေးက ဘဲကြီးနဲ့ဆိုတော့လည်း အသဲနာနေရှာမှာပေါ့...

"Jimin မင်းကလည်းအဲ့လောက်ဖြစ်မနေနဲ့ တစ်ယောက်မကောင်းတစ်ယောက်ပြောင်းပေါ့ကွ"

Taeစကားကြောင့် Jiminအော်လိုက်သည်။

"Yah! မင်းတို့ကောင်တွေကဘယ်သိပါ့မလဲ တကယ်ချစ်မိတော့မယ့်သူကျမှ ပါသွားရတယ်လို့"

"အော်..မင်းက တကယ်လည်းမချစ်သေးဘဲနဲ့ အဲ့လောက်ဖြစ်မနေနဲ့"

"အေးလေ Jin မင်းပဲပြောလိုက် သူ့ကိုပြောနေရတာတကယ်မောတယ်"

"မင်းကိုဘယ်သူကပြောခိုင်းနေလို့လဲ"

"မင်းအသံကြီးဘဲလေ တစ်လမ်းလုံးမပြောလို့ရမလား"

"ငါ့ပါးစပ်နဲ့ ငါပြောတာလေ "

"တော်ကြပါတော့ ..တကယ်ပဲ ရုပ်လေးတွေကချောပီး အသံဗြဲကြီးတွေနဲ့ ဒီလိုပုံစံနဲ့ မင်းတို့ကိုကြိုက်မယ့်သူရှိပါ့အုံးမလား"

Jinဝင်ပြောလိုက်တော့ နှစ်ယောက်လုံးအသံတိတ်သွားကာ Jimin ကမရှိတဲ့ မျက်ရည်များအား ညစ်ထုတ်ကာ..

"အီးဟီး ငါ့လို FAသူငယ်ချင်းလေးကို အားပေးမယ်မရှိဘူး သူတို့ကျ ချစ်ရမယ့်သူတွေနဲ့ အချစ်ခံနေကြတယ် ငါ့ကိုကျနှိမ်ကျတယ် ဗြဲ"

"Yah! လမ်းလယ်ခေါင်မှာ အပိုတွေလုပ်မနေနဲ့ အဲ့လောက်ဖြစ်နေရင်လည်း ငါကိုယ်တိုင်ရှာပေးမယ်"

"မလိုပါဘူးစတာ တစ်ယောက်တည်းပဲကောင်းတယ် အပူအပင်ကင်းတယ်...အ့..KIM Taehyung!!..ဘာဖြစ်လို့လာရိုက်ရတာလဲ"

"အမျိုးမျိုးတွေပြောနေလို့လေ ဟိုကရှာပေးမယ်ဆိုတော့ မလိုဘူးတဲ့ မင်းပဲအမျိုးမျိုးလုပ်နေတာ"

"အဲဒါကို ရိုက်စရာလား"

ပြောရင်း Taeကိုပြန်ရိုက်လိုက်တဲ့ Jimin။

"အ့ ..မင်းတော့ "

"Yah!! Taehyung မင်း "

"သေပါပြီ ဆံပင်မွှေးကိုဆောင့်ဆွဲရလား"

WINTER BELOVED ✓Where stories live. Discover now