Episode - 11

1.3K 136 14
                                    

UNICODE

ဂျီမင်း၏ စကားကြောင့် ထယ်ယောင်းရဲ့ နှင်းတွေကိုကန်နေတဲ့ ခြေထောက် လေပေါ်မှာရပ်တန့်သွားသည် ။

"Jimin..မင်းတကယ်ပဲသူ့ကိုအခွင့်အရေးပေးလိုက်တာလား"

"အင်း..Jinnieက အခုထိ Jungkookကို ချစ်နေတုန်းလေ..ငါ အခွင့်အရေးပေးသင့်တယ်ထင်လို့"

"ဒါပေမဲ့ငါ့ကိုတိုင်ပင်သင့်တယ်မလား.. အဲ့နေ့က ငါရှိနေရင် ဂျောင်ကုဆိုတဲ့ကောင်ကို ထိုးကြိတ်မိမှာပဲ မင်း ဘာမှမလုပ်လိုက်တာ အံ့ဩတယ်"

‌ထယ်ယောင်းက‌ ဆော့ဂျင်ဘက်က ခံပြင်းနေသည် ။ ဂျောင်ကုကို သူလည်း ဘာမှမလုပ်လိုက်ရပေ ။ နည်းနည်းတော့ နောင်တရမိပေမဲ့ နောက်‌တစ်ခေါက်မှဆိုပြီး တေးထားလိုက်သည် ။

“ဒါနဲ့ ဂျင်နီ. . ”

"Jinက hyungကို crushနေတယ်လို့ပြောအုံးမှာမလား ..ဟင့်အင်း သူhyungကို ကြိုက်နေတာမဟုတ်ဘူးTae ရာ..သူက hyungရဲ့တစ်ပါးသူပေါ်ဦးဆောင်နိုင်စွမ်းနဲ့ hyungရဲ့ အပြုံး . .ဘာအခက်အခဲ‌ တွေပဲရှိရှိအမြဲတမ်းပြုံးနေတတ်တဲ့hyung ကို လေးစား သဘောကျရုံလောက်ပဲ..သူ့မိသားစုကမရတဲ့ နွေးထွေးမှုတွေကိုပေးလို့ hoseok hyungကို မိသားစုလိုသဘောထားလိုက်ရုံပါ"

"ငါတော့နားမလည်တော့ဘူး Jimin"

"မှတ်မိတယ်မလားငါတို့သူ့ကို အကြပ်ကိုင်ပြီး ဘယ်သူ့ကိုကြိုက်နေလဲဆိုပြီးမေးတဲ့နေ့ကလေ.. "

"အင်း Trust or Dare ဆော့‌တုန်းက.."

"အေး..ငါတို့သူ့အခုလက်ရှိချစ်ရသူကိုမေးလိုက်တယ်လေ...သူ့စိတ်ထဲမှာ Jungkook လို့ဖြေချင်တာကိုမြိုသိပ်ပြီး hoseok hyungပါဆိုပြီးဖြေခဲ့တာ..ငါတို့နှစ်‌ယောက်ကိုဖြေရှင်းချက်တွေပေးရမှာစိုးလို့ ဒီတိုင်းသူလိမ်လိုက်ရုံပဲ"

" Okay ငါနားလည်ပြီ.. "

"ပြီးတော့ မင်းhyungနဲ့ တွဲနေတယ်မလား"

"H-hyung?? ဘယ်..ဘယ်သူလဲhyungက!"

အလန့်တကြားဖြစ်သွားတဲ့ ထယ်ယောင်းကြောင့် ဂျီမင်းက ပြုံးလိုက်သည်။

"Taeရာ မသိချင်ယောင်ဆောင်မနေပါနဲ့ မင်းနဲ့ Hoseok hyungနဲ့တွဲနေတာငါတို့နှစ်ယောက်လုံးသိတယ်"

WINTER BELOVED ✓Where stories live. Discover now