Episode - 3

1.6K 205 4
                                    

Unicode

Jungkook တစ်ယောက်အိမ်ပြန်ရောက်တည်းက ကုန်တိုက်မှာတွေ့ခဲ့တဲ့ လူ၏ အကြောင်းကိုပင် တွေးနေလေမိသည်။

Mini bag တွင်ထည့်ထားခဲ့သော လိပ်စာကတ်လေးကိုထုတ်လိုက်ရင်း အရှေ့အနောက်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ကြည့်နေမိသည်။

“Magic Flowers ဟူး.. ဆိုင်ကိုလိုက်ကြည့်ရင်ကောင်းမလား ဘာလို့ရင်းနှီးနေတယ်လို့ ခံစားနေရပါလိမ့် ဒါမျိုးရင်ခုန်ဖူးတာဆိုလို့ တစ်ဦးတည်းသောလေးတစ်ယောက်ပဲရှိခဲ့တာ ”

အခန်းထဲတွင် ရှေ့နောက်လျှောက်ရင်း သူကိုယ်တိုင်သတိမထားမိစွာ ‘တစ်ဦးတည်းသောလေး’ ဟု ရေရွတ်မိသွား၏။

“ မာမီ့အတွက်ပန်းဝယ်ရင်း သိအောင်လုပ်ရမလား”

ဗြာများနေတဲ့ မေးခွန်းတွေထဲတွင် သူ၏ဆုံးဖြတ်ချက်က ခိုင်ခိုင်မာမာချပြီးလေပြီ။
သူရောက်အောင်သွားမည်။ နှလုံးသားရဲ့ တဒုတ်ဒုတ်ခုန်မှုဟာ အသက်ရူနေတာကြောင့်မဟုတ်ပဲ သူ့ကြောင့် ဖြစ်တည်စပြုလာပြီဆိုတာ သိအောင်ပြောပြရမည်။

သူကောက်ရခဲ့တာ လိပ်စာကတ်ကလေးမဟုတ်ဘဲ အချစ်တစ်ခုဖြစ်ကြောင်း သိလို့သိငြား. . .  ။

                                    -☃️-

SeokJin တစ်ယောက်ခြေထောက်နာနေတာကြောင့်အခန်းထဲကပင်မထွက်ရပေ။ ကိုယ်တိုင်ကလည်း ခြေထောက်နာတယ်ဆိုပြီး မထွက်ချင်။
Taehyung နဲ့ Jimin က‌တော့ သူစားဖို့အတွက် မုန့်ဝယ်ပေးကာ စကားအနည်းငယ်ပြောပြီး ပြန်သွားလေသည်။

သူတို့စကားဝိုင်းထဲတွင် နယ်သာလန်ကကျူးလစ်တွေမှာဖို့အတွက် supplier ကို သူ့လိပ်စာကတ်မပေးခဲ့မိတဲ့ အကြောင်းလည်းပါသည် ။ အိတ်ကပ်ထဲ ထည့်လာခဲ့ပြီးမှ ဘာမှာကျကျန်ခဲ့မှန်း မသိလိုက် ။ ဒါကြောင့် ဒီနေ့ ထယ်ယောင်းနဲ့ဂျီမင်းက သူ့အစား သွားတွေ့သည်။

ဆော့ဂျင်သာ ကျကျန်ခဲ့တာ လိပ်စာကတ်မဟုတ်ဘဲ နုငယ်သော် နှလုံးသားတစ်စုံဖြစ်နေမှန်းသိခဲ့ပါလျှင် .  . . ။

သူ့လက်ထဲမှ ဖတ်လက်စ စာအုပ်ကိုချရင်းပြတင်းပေါက်ကနေ တစ်ဆင့်အပြင်ကိုငေးနေမိသည်။ အပြင်ကိုငေးရင်းပင် မနေ့ကတွေ့ခဲ့တဲ့ လူအကြောင်းကိုစဉ်းစားမိသွားသည်။

WINTER BELOVED ✓Where stories live. Discover now