Unicode
Jungkookတစ်ယောက် Seokjinပြန်ချော့တဲ့စာလေးကြောင့် အိမ်ရောက်ကတည်းက ဂဏာမငြိမ်ရင်ဘတ်ထဲကလိကလိဖြစ်နေလေရဲ့။
Jin ရေးထားတဲ့စာလေးမှာ.."မင်းကငါ့ကိုမချစ်ဘူးဆိုရင် ငါဘယ်လိုနေရမှာလဲ။ အဲ့နေ့ကမေ့ပြီး မစောင့်ဖြစ်တာမဟုတ်ပါဘူး အလောတကြီးသွားစရာလေးရှိလို့ပါယုန်ပေါက်လေးရ။ ငါမင်းကို အကျိုးအကြောင်းပြောဖို့ ရှာပေမဲ့မတွေ့လို့ ။ ငါ့ရဲ့အချစ်ကမင်းတစ်ယောက်တည်းမို့ စိတ်ချလက်ချယုံကြည်နေပါ ။ စာလည်းလုပ်အုံး မဆိုးရဘူးနော်"
"တကယ် င့ါတစ်ယောက်တည်းကိုပဲချစ်ပေးရမယ်နော် Jin"
Jungkookမျက်နှာကြက်ကိုကြည့်ကာတစ်ယောက်တည်းရေရွတ်လိုက်သည်။ သူသည် Jin အား ပထမရုပ်ရည်ကြောင့်ချည်းကပ်ခဲ့သည်။ နောက်ပိုင်း အပြုအမူတွေကြောင့် ရင်ခုန်လာရသည်။ အခုတော့ ဆုံးမစကားလေးတွေကြောင့်ငြိတွယ်စပြုလာပြီ။
ဒီလိုနဲ့ ဒီလိုနဲ့ သူတို့ဆက်ဆံရေးက အများကြီးလေးနက်သွားတော့မှာမလား ။
"ကျောင်းဘာလို့ခဏခဏ ပိတ်နေရတာလဲနားမလည်နိုင်ဘူး
မင်းကိုချစ်တယ်သာပြောတာမျက်နှာချင်းတောင် မဆိုင်ရဲဘူး ရင်တွေအရမ်းခုန်နေလို့
ယုံမှာလားချစ်တယ်လို့ပြောရင်
ဟိုနေ့ကငိုပီးပြန်သွားတယ်ဆို ဘယ်ကောင်လုပ်တာလည်း
ငါထိုးချင်လာပီနော်...လို့မဆိုလိုပါဘူး"
JungkOOKJinတစ်ယောက် မနက်က Jungkookပို့လိုက်တဲ့စာကိုဖတ်ပြီး အော်ရယ်မိသည် ။ ဘယ်လိုတောင်ကလေးကလားဆန်နေရတာလဲ။ ငိုပြီးပြန်သွားတယ်လို့ ဘယ်ကောင်ကပြောလိုက်လဲမသိပေမဲ့ သူမငိုခဲ့ပါ။ အတန်းထဲက ရန်ပွဲကြောင့် ဆရာမခေါ်ဆူလို့ ဝမ်းနည်းရုံသာ။ ဒါကိုသေချာမသိပဲ သူကထိုးမတဲ့လေ ။ ဒီယုန်ပေါက်ကတော့ ဂျိုးကပ်ချင်နေပြီနဲ့တူတယ်။
"ဘာတွေပြုံးနေတာလဲ"
"ဟမ်....Taeသူများအခန်းထဲကိုမပြောမဆိုနဲ့"
"ခါတိုင်းလည်းဝင်နေကြပဲကိုအခုမှဘာဖြစ် မုန့်စားဖို့လာခေါ်ဝာာ သွားမယ် မြန်မြန် Jimin ကိုပါဝင်ခေါ်ရအောင်"
YOU ARE READING
WINTER BELOVED ✓
Fanfiction". . ကံကြမ္မာက မင်းကိုမချစ်မိစေဖို့ လွန်ခဲ့တဲ့ (၇) နှစ်ကိုပြန်သွားခွင့်ပေးရင်တောင် ငါကတော့ မင်းကို ချစ်မိသွားဦးမယ့် လမ်းကိုပဲထပ်လျှောက်ပါ့မယ်. ." - Kim Seok Jin ▪️THIS IS MY FIRST KOOKJIN BOOK ✧ ...