"Minnie ဒါလေးကောထည့်ပေး အဲ ဟိုဒါလေးကော အဲ့ဟာကြီးမထည့်နဲ့ အာ ဟိုနားက ရေညှိ...""Yah..မင်းဟာမင်းထည့်တော့ကွာ"
ကျောင်းသားစုံညီပွဲမို့ ကျောင်းသားအားလုံး အဝစားသုံးနိုင်အောင် ဘူဖေး ကျွေးသည်။ ဒါကိုSeokJin သူ့ဟာသူယူမစားဘဲ ထိုင်ခုံကနေ ဟိုဟာမယူဘူး ဒီဟာမစားဘူးနဲ့ ဖြစ်နေလေသည်မို့ စိတ်မရှည်တော့..
Tae က Busan မှာမို့ SeokJin ရဲ့ဒဏ်ကိုသူသာခံနေရသည်..
" ဟဲ..စိတ်ကြီးပဲ သူငယ်ချင်းလေးကလည်း"
"အပိုတွေလုပ်မနေနဲ့ မြိုလို့ရပြီး ကိုယ်တော်ချောမြိုတော်မူပါ"
"စားမယ့်ဟာတောင်နင်တယ် ..ဒါနဲ့ပင်လယ်စာလေးဘာလေးမပါဘူးလား"
"ပါတယ် သွားထည့်"
SeokJin ကပင်လယ်စာဆိုတာနဲ့ ကုန်းရုံးထကာ သွားထည့်တော့သည်။ ပြီးတော့ သူ့အကြိက် ပုစွန်ထုပ်အကွေးကြီးတွေ ထည့်လာပြီး နေရာတကျပြန်ထိုင်လိုက်သည်။
"ဟဲ့..ဟဲ့ ဟိုတစ်ယောက်ကဘယ်သူလဲ"
အုံ့အုံ့ကြွကြွ ဖြစ်လာတဲ့ Hall ကြီး..မိန်းကလေးများကလည်းတစ်ယောက်တစ်ပေါက်ဖြင့် အပြင်ကိုကြည့်ကာတွတ်ထိုးနေသည်။.ယောင်္ကျားလေးများ၏မျက်လုံးများမှာလည်း အားကျမှုအပြည့်ဖြင့် အပြင်ကိုကြည့်နေလေသည်... SeokJinတို့က အစားအစာတွေနောက်မှာမို့ သေချာမမြင်ရ..
"ဟဲ့ အဲ့ဒါ Dream Mall ပိုင်ရှင်ရဲ့သားမလား"
"အေး..သေချာတော့မသိဘူး ဒါပေမဲ့ လုံးဝဆင်တယ်နော်"
"Jeon Jungkook!!"
မိန်းကလေးများတစ်ယောက်တစ်ပေါက်ပြောနေတဲ့ကြားထဲက Jeon Jungkook ဆိုသည့်အသံဟိန်းဟိန်းဖြင့်ခေါ်လိုက်သောကြောင့် ခန်းမတခုလုံးတိတ်ဆိတ်သွားကာ SeokJin စားနေတဲ့ခေါက်ဆွဲတန်းလန်းဖြင့် မော့ကြည့်လိုက်သည်။
Jungkook ကခပ်တည်တည်ဖြင့် ခန်းမထဲဝင်လာကာ စောစောက အော်လိုက်တဲ့လူဆီ ပြေးဖက်ပြီးဘာတွေပြောနေမှန်းမသိ..သူကတော့ ခေါက်ဆွဲတန်းလန်းဖြင့်သာ မျက်တောင်မခတ်တန်းကြည့်နေမိသည်.. Jungkook က black shirt ကို Jean အနက်နဲ့တွဲဝတ်ထားသည်မို့ တစ်ကိုယ်လုံး မဲနေကာ အကျီကို တံတောင်ဆစ်ထိခေါက်တင်ထားသောကြောင့် သွေးကြောစိမ်းများပေါ်နေသည်မို့ ယောင်္ကျားဆန်ဆန်ကြည့်ကောင်းလှသည်..
YOU ARE READING
WINTER BELOVED ✓
Fanfiction". . ကံကြမ္မာက မင်းကိုမချစ်မိစေဖို့ လွန်ခဲ့တဲ့ (၇) နှစ်ကိုပြန်သွားခွင့်ပေးရင်တောင် ငါကတော့ မင်းကို ချစ်မိသွားဦးမယ့် လမ်းကိုပဲထပ်လျှောက်ပါ့မယ်. ." - Kim Seok Jin ▪️THIS IS MY FIRST KOOKJIN BOOK ✧ ...