Unicode
အွန်းဝူနဲ့အတူ သူ့အတွက်စိမ်းနေပြီဖြစ်တဲ့ ဆိုးလ်မြို့ကြီးကိုလည်ပတ်ပြီးနောက် အတော်ပင် ပင်ပန်းသွားသည်။
အချိန်တွေကြာလေ ဒီနိုင်ငံရဲ့ လှပမှုဟာ ပိုလို့နှစ်ခြိုက်စရာ ကောင်းလာသည် ။ အစပိုင်းမှာအထူးအဆန်းဖြစ်နေမိပေမဲ့ တစ်နေ့လုံးလည်ပတ်ခဲ့သည့်အတွက် သူနဲ့ ဆိုးလ် မြို့ဟာ ယခုတော့ အသားကျသွားပြီ ။
ဒေါက်..ဒေါက်..
အပြင်မှတံခါးခေါက်သံကြောင့် နိုးလာသည်။
ဖုန်းကနာရီကို ကမန်းကတမ်း ကောက်ကြည့်လိုက်တော့ 5နာရီတောင်ထိုးချေပြီ ။ သူအိပ်ပျော်သွားတာ 2နာရီလောက်ကတည်းက ။ ပဲရစ်မှာ နေ့မအိပ်ညမအိပ်နေခဲ့သမျှ ဆိုးလ်မှာ အတိုးချအိပ်နေသလားတောင် ကိုယ့်ကိုကိုယ်ပြန်မေးမိသည် ။
ဆိုးလ်မှနေခဲ့တဲ့အရွယ်ဟာ ငယ်သေးသည်မို့ ညဘက်အပြင်ထွက်တယ်ဆိုတာမရှ်ိခဲ့ ။ ပဲရစ်မှာတော့ ကျောင်းပွဲတွေ ၊ ပါတီတွေ ပေါလွန်းလို့ အပျော်မက်ခဲ့ပြီး ဆိုးလ်ပြန်ရောက်တော့ ဘယ်နေရာမှာ ဘာရှိသည်မသိ၍ ခြေငြိမ်နေရပြီ ။
" ဘုရားရေ! သေပါပြီ 5နာရီတောင်ထိုးသွားပြီ 6 နာရီဆို ပွဲစမယ်လို့ မာမီပြောထားတာပဲ"
"Ya!!!Jeon Jungkook မင်းဒီတစ်သတ် အခန်းထဲကထွက်လာတော့မှာလား"
အတွေးတို့မပြတ်သေး Eunwooအော်သံကြောင့် ဆွေ့ဆွေ့ခုန်မိသွား၏။
"လာပါပြီကွ..ရေချိုးလိုက်ဦးမယ်"
"Yarr..အခုထိရေမချိုးရသေးဘဲ ဘာလုပ်နေရတာလဲ အောက်မှာနည်းနည်းဝိုင်းကူဦးလေ မောင်မင်းကြီးသားရဲ့"
“အေးပါကွာ. . သုံးမိနစ်ပဲကြာမယ်”
“သုံးမိနစ်ကြာရအောင် မင်းဟာက ခေါက်ဆွဲပြုတ်မို့လို့လား”
အပြင်က အွန်းဝူ၏စကားသံများအား
လစ်လျူရူပြီး Bathroomထဲအပြေးဝင်ကာ ရေမိုးချိုးရသည်။လေထုတင်မဟုတ်ဘူး ရေထုပါကွာတာ။ Seoulက ရေထုက နွေးလိုက်တာ။
ရေချိုးပြီးတာနဲ့ ဗီရိုထဲ ခေါင်းစိုက်ကာ ရှာပုံတော်ဖွင့်ရသည်။ မာမီထည့်ပေးထားတဲ့အင်္ကျီတွေထဲအကြိုက်တွေ့မယ့် ပုံစံအားလှန်လှောရှာရင်း တွေ့လိုက်ရသည်က..
YOU ARE READING
WINTER BELOVED ✓
Fanfiction". . ကံကြမ္မာက မင်းကိုမချစ်မိစေဖို့ လွန်ခဲ့တဲ့ (၇) နှစ်ကိုပြန်သွားခွင့်ပေးရင်တောင် ငါကတော့ မင်းကို ချစ်မိသွားဦးမယ့် လမ်းကိုပဲထပ်လျှောက်ပါ့မယ်. ." - Kim Seok Jin ▪️THIS IS MY FIRST KOOKJIN BOOK ✧ ...