Part : 2 ☕

3.6K 365 4
                                    

ဆိုင်ရှင်အစ်ကိုက စကားပြောပြတ်လှသောကြောင့် ဂျီမင်းအနည်းငယ်ရှိန်‌နေသည်။

ဆိုင်မှာ အရမ်းမကျယ်သော်လည်း အပြင်ကလှမ်းမြင်ရသည်ထက် ပို၍လှပသည်။

လိ‌မ္မော်ရောင် မီးရောင်ခပ်မှိန်မှိန်များက စားပွဲဝိုင်း‌တွေပေါ်သို့ ဖြာကျနေသည်။ နံရံပတ်ပတ်လည်တွင် ပန်းပုံပန်းချီကားချပ်အသေးများ ချိတ်ဆွဲထားသည်။ ဆိုင်၏ဘေးဘက်တွင် အပေါ်ထပ်သို့တက်ရန် လှေကားတစ်ခုလည်းရှိသည်။ ဆိုင်၏အပြင်အဆင်မှာ ရှေးဆန်သည်။ အထူးသဖြင့် ကောင်တာဘေးတွင် ကတ်ဆတ်အိုတစ်လုံးရှိနေပြီး စန္ဒယားသံစဉ်တစ်မျိုးကိုဖွင့်ထားသည်။

" ထိုင်ပါ "
ယွန်းဂီက ထိပ်ဆုံးစားပွဲတွင်၀င်ထိုင်ရင်း ပြောလိုက်သည်။ ဆိုင်ထဲတွင် ဧည့်သည်များရှိမနေပါ။

ထို့နောက် ယွန်းဂီကအဖြူရောင်တဘတ်တစ်ခုကိုလှမ်းယူပြီး ‌ဆံပင်ရေစိုများကိုသုတ်နေရင်းက -

" အစ်ကို့နာမည်က ယွန်းဂီလို့ခေါ်တယ် "

" ပြောရရင် ဒီဆိုင်ကအစ်ကို့အဖိုးရဲ့ဆိုင်..အဖိုးဆုံးသွားပြီးတော့အစ်ကိုပဲဆက်ပြီးတာ၀န်ယူခဲ့တယ်..ဆိုင်က ရောင်းရတယ်မဟုတ်ပေမယ့် အဖိုးရဲ့ဖောက်သည်တွေတော့လာတုန်းပဲ..အဲ့ဒါကြောင့် ဆိုင်ကိုလည်းမပိတ်ပစ်ချင်ဘူး..အစ်ကိုတစ်ယောက်တည်း ရေရှည်လုပ်ဖို့လည်းအဆင်မပြေတော့လို့လူငှားရတာပဲ "

စကားရှည်ရှည်ပြောလိုက်ရသောကြောင့် မောသွားဟန်ဖြင့် ယွန်းဂီခဏငြိမ်သွားသည်။

ဂျီမင်းက သေချာပြောပြနေတဲ့ ယွန်းဂီကိုကြည့်ရင်း ဒီအစ်ကို့ပုံစံက စိတ်မရှည်လောက်ဘူးထင်ရပေမယ့် စိတ်ရှည်သားပဲလို့ တွေးလိုက်မိသည်။

" မင်းလုပ်နိုင်မယ့် အလုပ်ချိန်နဲ့လစာကိုပြောနိုင်မလား " ယွန်းဂီရဲ့မေးခွန်းကိုကြားမှ ဂျီမင်းအတွေးစပြတ်သွားသည်။

" ဟုတ်အစ်ကို..ကျနော်ကမနက်ပိုင်းမှာ သင်တန်းရှိလို့ ညနေသုံးနာရီကစပြီး ဆိုင်ပိတ်ချိန်ထိလုပ်နိုင်ပါတယ် "
" ဟို..လုပ်အားခတော့ ကျနော်မပြောတတ်ဘူးဗျ"

My Sweetest CaffeineWhere stories live. Discover now