Part : 43 ☕

1.6K 167 0
                                    

ဒီနေ့က ကင်မ်ထယ်စာမေးပွဲပြန်ဖြေတာ‌အောင်သွားသောအထိမ်းအမှတ်ဖြင့် သူတို့လေးယောက် ရုပ်ရှင်ရုံတွင် Double Date လုပ်ဖို့ ချိန်းထားသောနေ့ဖြစ်သည်။

ဂျီမင်းနဲ့ဂျောင်ကုက အရင်သွားနှင့်ကာ လက်မှတ်ဖြတ်ထားပြီး ကင်မ်ထယ်နှင့်ယွန်းဂီတို့က ဆိုင်ပိတ်မှလာမည်ဖြစ်သည်။

ရုပ်ရှင်ရုံရှိ ခုံတန်းရှည်တစ်ခုတွင် ဂျောင်ကုနှင့်ဂျီမင်းတို့ထိုင်စောင့်နေကြသည်။

" ယောဘို..ဘာ Major လျှောက်မှာလဲ စဉ်းစားပြီးပြီလား "

" အင်း..ကုကု ငါ တက္ကသိုလ်ဆက်မတက်တော့ဘူးလားလို့ "

ဂျီမင်းက အလေးအနက်ပြောချင်သောအခါတိုင်းတွင် အရင်ကလိုပင်ကုကုဟုခေါ်ကာပြောတတ်သောကြောင့် ဂျီမင်းတကယ်ဆုံးဖြတ်ပြီးမှပြောခြင်းဖြစ်ကြောင်း ဂျောင်ကုသိလိုက်သည်။

" ယောဘို သေချာပြီပေါ့ "

" သေချာသလောက်တော့ရှိပြီ..အချိန်ပိုင်းအလုပ်တွေလုပ်ရင်းနဲ့ ငါတကယ်ဝါသနာပါတာကိုသိလာတယ်..ကုကု ငါ Pastry Chef တစ်ယောက်ဖြစ်ချင်တယ်..နောက်ပိုင်းငါ့ကိုယ်ပိုင်ဆိုင်လေးဖွင့်ချင်တယ် "

" ဟိတ်..ဘာတွေဆွေးနွေးနေကြတာလဲ "

" အစ်ကိုထယ်ထယ်တို့ရောက်လာကြပြီလား "

" ပွဲချိန်ကဘယ်တော့လဲ "

" နည်းနည်းလိုသေးတယ် အစ်ကိုယွန်းဂီ "

" ပြောပါဦး ငါ့သူငယ်ချင်းလေး ဘာတွေလေးနက်နေ "

" ငါတက္ကသိုလ်ဆက်မတက်တော့မယ့်အကြောင်းပြောနေတာ ထယ်ထယ် "

" တကယ်ကြီးလား "

" အင်း ငါဖြစ်ချင်တာကိုငါရှာတွေ့ပြီ..ငါ Pastry Chef တစ်ယောက်ဖြစ်ချင်တယ် "

" ကောင်းတာပေါ့ ဂျီမင်းကြိုးစား "

ယွန်းဂီကဝင်ပြောကာအားပေးလိုက်သည်။

" နောက်ဆို အစ်ကိုယွန်းဂီဆိုင်ဘေးမှာ ပြိုင်ဘက်ဆိုင်‌ပေါ်ရင်ပေါ်လာမှာနော် "

" ဟား ဟား..အချိန်မရွေး ကြိုဆိုပါတယ်ဗျာ "

" ကုကု မင်းကရော "

My Sweetest CaffeineWhere stories live. Discover now