Part : 20 ☕

1.8K 213 0
                                    

ပစ္စည်းတွေကူထည့်ပေးမည်ဟုအကြောင်းပြကာ ယွန်းဂီအခန်းထဲသို့ ကင်မ်ထယ်အတင်းလိုက်၀င်လာသည်။

အခန်းမီးများမဖွင့်ထားပဲ စာကြည့်မီးအိမ်၏ အလင်းရောင်သာရှိသောကြောင့် အခန်းကမှောင်ကုပ်ကုပ်ဖြစ်နေသည်။

စားပွဲ‌တစ်ခုပေါ်တွင် ‌မဆေးရသေးသော ကော်ဖီခွက်များရှိနေသည်။

အခန်းထောင့်တွင် Canvas ကြီး‌တစ်ခု ထောင်ထားသည်။ ထို Canvas ပေါ်တွင် ထီးအနက်ရောင်ကိုကိုင်ကာ ကျောပေးရပ်နေသောယောကျာ်းတစ်ယောက်ပုံဆွဲလက်စရှိနေသည်။ အစ်ကိုယွန်းဂီက မမြင်စေချင်သလို Canvas ကိုချက်ချင်းနောက်သို့ရွှေ့လိုက်သည်။

" မီးဖွင့်လိုက်မယ်နော် "

ကင်မ်ထယ်က ဘာကိုမှသတိမထားမိသလိုပင် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

" အစ်ကိုယွန်းဂီက ကိုကြီးအတိုင်းပဲ ကော်ဖီတွေတအားသောက်တာပဲ "

" ထယ်..အစ်ကိုဂျင်နဲ့အဆက်အသွယ်ရှိလား "

" အင်း..အစ်ကိုယွန်းဂီနဲ့ရော "

" အမှန်တိုင်းပြောရရင် ထယ်တစ်ယောက်တည်း ဒီမှာနေသားကျဖို့ အစ်ကိုဂျင်က ကိုယ့်ကိုအကူအညီတောင်းထားတယ် "

" အင်း..ထယ်ရိပ်မိပါတယ် "

" ဘယ်လို "

" အစ်ကိုယွန်းဂီ ထယ်ပြောသမျှကို လိုက်လျောပေးနေတာ ကိုကြီးကြောင့်ဆိုတာ ထယ်သိပါတယ် "

" အဲ့လိုပဲလည်းမဟုတ်ပါဘူး...ထယ်တောင်းဆိုတာတွေက လုပ်ပေးဖို့မခက်ခဲဘူးလေ "

" ထယ်ကခက်ခဲတာတောင်းဆိုမယ်ဆိုရင်ရော "

ကင်မ်ထယ့်မျက်လုံးများမှာ အရောင်တောက်ပနေသည်။

ယွန်းဂီ ဘာကြောင့် ကင်မ်ထယ့်ကိုလိုက်လျောပေးနေမိလည်းဆိုတာ သူကိုယ်တိုင်ပင်သေချာမသိပေ။ ကင်မ်ထယ့်တောင်းဆိုမှုတွေကို သူမငြင်းဆန်လိုပဲ အလိုလိုပင်လိုက်လျောမိပြီးသားဖြစ်နေတတ်သည်။

ကင်မ်ထယ်အနားမှာရှိလျှင် သူထူးဆန်းစွာ သက်တောင့်သက်သာဖြစ်တာတော့အမှန်ပင်။

My Sweetest CaffeineWhere stories live. Discover now