Part : 14 ☕

2K 233 2
                                    

" ထယ်ထယ် "

သူနိုးလာတော့ဂျီမင်းကိုဆိုင်မှာတွေ့လိုက်ရသည်။

" မနက်ကအစ်ကိုယွန်းဂီငါ့ကိုဖုန်းဆက်ခေါ်လို့..ဘယ်လိုဖြစ်ရတာလဲကွာ "

" အစ်ကိုယွန်းဂီရော "

ဂျီမင်းမေးတာမဖြေသေးဘဲကင်မ်ထယ်ပြန်မေးလိုက်သည်။ မနေ့ကမှတ်ဉာဏ်တွေကလည်း ဝေဝေဝါးဝါးဖြစ်နေသည်။

" အပြင်ထွက်သွားတယ်..ငါ‌မေးတာဖြေဦး ထယ် "

" ငါအဆင်မပြေဘူးဂျီမင်းရယ် "

သူငယ်ချင်းနဲ့တွေ့မှပင်သူစိတ်ထဲရှိသမျှပွင့်အံထွက်ရင်းရင်ဖွင့်ရတော့သည်။

" အဲ့တော့မင်းအခုဘယ်လိုဆက်လုပ်မှာလဲ "

" ငါမသိတော့ဘူး..ကိုကြီးကပါဒီလိုလုပ်ရက်တာငါအရမ်းစိတ်ဆိုးတယ်ကွာ..အိမ်ကိုလည်းမပြန်ချင်တော့ဘူး "

" ငါ့အိမ်ကိုခေါ်လို့ရရင်လည်းခေါ်ချင်တယ်ပါတယ်ကွာ..အိမ်မှာအမေလည်းရှိနေတော့ မင်းနေတတ်မှာမဟုတ်ဘူး "

" ရပါတယ်ကွာ ဒီလိုပဲကြည့်လုပ်ရမှာပေါ့ "

" ဟိုမှာ..အစ်ကိုယွန်းဂီပြန်လာနေပြီ "

" ဂျီမင်း ဒီကိစ္စတွေအစ်ကိုယွန်းဂီမသိစေနဲ့နော်..သူကငါ့အစ်ကိုနဲ့ရင်းနှီးတယ် "

ယွန်းဂီဝင်လာတော့ ကောင်လေးနှစ်ယောက်စကားပြောရပ်လိုက်ကြသည်။ ပွယောင်းယောင်းကောင်လေး၏မျက်လုံးများမှာ ငိုထားသောကြောင့်ဖောင်းအစ်အစ်။

ယွန်းဂီကဘာမှမပြောဘဲ အပေါ်ထပ်ကိုတန်းတက်သွားတော့ ကင်မ်ထယ်နောက်ကလိုက်သွားလိုက်သည်။

" ဟို..အစ်ကိုယွန်းဂီ တောင်းပန်ပါတယ် ကျနော်မပြောမဆိုနဲ့ရောက်လာမိလို့ "

အစ်ကိုယွန်းဂီ စိတ်ဆိုးနေသည်ထင်သည်။ သူ့ကိုဘာမှပြန်မပြောဘဲအခန်းထဲဝင်သွားသည်။

" အစ်ကိုယွန်းဂီ..ဟို " အခန်းတံခါးဝကိုကပ်ပြီး ပြောမလို့လုပ်တုန်း တံခါးဖွင့်ကာထွက်လာသောကြောင့် အစ်ကိုယွန်းဂီနှင့်သူ့ရင်ဘတ်ချင်းထိလုပင်ဖြစ်သွားသည်။

My Sweetest CaffeineWhere stories live. Discover now