Part : 42 ☕

1.6K 166 21
                                    

Taxi ပေါ်ကနေ အိမ်နားရောက်တဲ့အထိ ဂျီမင်းက ငြိမ်ငြိမ်လေးလိုက်လာသည်။

" ယောဘို အမူးပြေအောင်ခဏလေညှင်းခံဦးမလား "

" ငါမမူး‌တော့ဘူး "

" ဦးလေး ဒီရှေ့နားဆိုရပါပြီ "

" လာ.. "

ဂျောင်ကုကတွဲခေါ်မည်လုပ်လိုက်သော်လည်း ဂျီမင်းကလက်ကိုတွန်းကာဆင်းသွားသည်။ အမြဲတမ်းပြုံးချိုချိုနဲ့သဘောကောင်းနေတတ်သော သူ့ပေါင်မုန့်လုံးလေး စိတ်ဆိုးသည့်ပုံမှာ အသည်းယားစရာကောင်းလွန်းလို့ ဂျောင်ကုအကောင်လိုက်ပင်ငုံထားပလိုက်ချင်တော့သည်။

" နေပါဦး ယောဘိုရဲ့ "

အိမ်ထဲအတင်းဝင်တော့မည်လုပ်နေသောဂျီမင်းရဲ့လက်မောင်းလေးကို‌ ဂျောင်ကုလှမ်းဆွဲထားလိုက်သည်။ ပြီးနောက် မျက်လုံးလေးကိုလက်ဖြင့် အုပ်လိုက်သည်။

" ကုကု ဘာလုပ်တာလဲ "

" ကျနော့်ကိုယုံတယ်ဟုတ်..ဒီအတိုင်းလေးလိုက်ခဲ့နော် "

ဂျောင်ကုကဂျီမင်းချော်မလဲစေရန်သေချာဂရုစိုက်ပြီး အိမ်ထဲသို့ခေါ်လာသည်။

အိမ်ထဲကိုရောက်သည်နှင့် ဂျီမင်းပန်းရနံ့သင်းသင်း‌လေးကို အရင်ဆုံးရလိုက်သည်။

" ကဲ..ဖွင့်ပေးတော့မယ်နော်.. ၁ ၂ ၃ "

ဂျီမင်းမျက်စိရှေ့တွင် အနီရောင်နှင်းဆီပန်းစည်းကိုအရင်ဆုံးတွေ့လိုက်ရသည်။ ထို့နောက် နံရံရှေ့တွင် projector ကြီးတစ်ခုရှိနေပြီး ထို projector မှ video တစ်ခုပေါ်လာသည်။

Video ရဲ့နောက်ခံတီးလုံးအနေဖြင့် Euphoria သီချင်းသံလေးက ထွက်ပေါ်နေသည်။ ထို့နောက် projector ပေါ်တွင် စာတန်းလေးတစ်ခုတက်လာသည်။

" 100 Days to Infinity "

ဂျီမင်းတစ်နေ့တစ်နေ့အလုပ်တွေနဲ့မအားတာကြောင့် ဒီနေ့သူတို့နှစ်ယောက်ရဲ့ ရက်တစ်ရာပြည့်ကို သူအမှန်တကယ်ပင်သတိမရပါ။

Projector ပေါ်တွင် ဂျီမင်းရဲ့ ပြောင်ချော် ချော်ဓာတ်ပုံများကို ဂျောင်ကုက ကာတွန်းပုံအဖြစ်ပြန်ဆွဲထားသောပုံလေးများတစ်ခုပြီးတစ်ခုတက်လာသည်။ ထို့နောက်သူတို့နှစ်ယောက်တွဲပုံလေးကို ဗိုက်ပူပူ ဆံပင်ဖြူဖြူအဖိုးကြီးတွေပုံပေါက်အောင်ဆွဲထားသည်။ ထို့နောက် သူတို့စပြီးချစ်သူဖြစ်တဲ့နေ့က ဂျောင်ကုလိုက်ရိုက်ထားသော ဂျီမင်းရဲ့ video လေးဖြင့် အဆုံးသတ်ထားသည်။

My Sweetest CaffeineWhere stories live. Discover now