Chapter { 4 }

2.2K 345 14
                                    

Unicode

Chapter 4 - လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကြီးကို ဖုံးပစ်လိုက်နိုင်တဲ့ လူဆိုးဖေဖေတွေ

❇▫❇▫❇▫❇▫❇▫❇▫❇▫❇

သူစကားပြောပြီးတဲ့အခါမှာတော့ ထိုလူဟာ သူ့ရဲ့ခြေတံရှည်ကြီးတွေနဲ့ ထွက်ခွာသွားတော့တယ်။

သီးသန့်အတွင်းရေးမှူး Zhao ဟာ တိတ်တဆိတ် ပြောစရာစကားမဲ့ရင်း သူ့အနောက်က လိုက်လာခဲ့တယ်။

သူမကို ဖက်ရင် ဘာဖြစ်မှာမို့လို့လဲ?

မဖက်ရင်လည်း ကလေးမလေးကို ချပေးပြီး ကျွန်တော့်ကိုပဲ အစားဖက်ခိုင်းလိုက်လေ!

----------------------

Huo Yao ကားထဲကို ဝင်လိုက်ပြီး နာခံနေတဲ့ ဘောလုံးလေးကို သူ့ပေါင်တွေပေါ် တင်လိုက်ထားလိုက်သည်။ သူ ဘာအမူအရာမှ မပါဘဲ Ye Sang ရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ဖျစ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"Huo မိသားစုစီ ပြန်မယ်"

"ဟုတ်ကဲ့ sir"

ဒရိုင်ဘာက အခြေအနေကို လေ့လာနေရင်း ဘာမှ မပြောဝံ့ဘဲ ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

သူမ၏ ေဈးပေါတဲ့အဖေမှ မျက်နှာကို ဖျစ်ခြင်းအား ခံလိုက်ရသော Ye Sang: " ... "

ကလေးမလေးရဲ့ ဝိုင်းစက်တဲ့ ကြောင်မျက်လုံးတွေက မှုန်းဝါးလာပြီး တိတ်တဆိတ် နှုတ်ခမ်းထော်ရင်း Huo Yao အား ဘာမှ ပြန်မပြောရဲပဲ စူးစူးဝါးဝါးသာ ကြည့်လိုက်သည်။

Huo Yao က မျက်ခုံးတစ်ဖက်သာ ပင့်လိုက်သည်။ သူ့ဆီသို့ Ye Sang ရဲ့မနှစ်သက်မှုတွေက သူ့အတွက် အနှောင့်အယှက် မဖြစ်ပေ။

သူမက ကလေးပဲ ရှိသေးတာလေ။

သူ သူမကြောင့် မပျော်တော့ဘူးဆိုရင် သူမကို အခြားတစ်ယောက်စီ သူပေးလိုက်လို့ ရတာပဲ။

(T/N: ဒီဖေ🙃 နောက်တော့မှ သူပဲ သည်းသည်းလှုပ်ဖြစ်နေမှာ)

သူမဘယ်သူလဲဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ။

Ye Sang က မည်းမှောင်စွာနဲ့ မော့ကြည့်လိုက်ပြီး Hyuo Yao မျက်လုံးတွေရဲ့ အနက်ပိုင်းက အေးစက်မှုတွေကို ဖမ်းမိခဲ့သည်။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now