Unicode
Chapter 16 - Goodnight ပါ ဖေဖေ
❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇
Ye Sang သည် သူမ၏ ဆာလောင်နေသော အစာအိမ်ကို အုပ်ကိုင်လိုက်ပြီး အအေးဒဏ်ကြောင့် နှာချေလိုက်သည်။
သူမသည် သူ့အား သနားစဖွယ် ကြည့်လိုက်သည်။
"ဖေဖေ..."
Huo Yao သည် မျက်မှောင်ကြုံ့လိုက်ပြီး အေးစက်၍ မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ဂရုပြုမိခဲ့သည်။ သူငုံ့ကိုင်းလိုက်ပြီး ကလေးမလေးကို ချီလိုက်ကာ သူ၏ ခြေတံရှည်များနှင့် မြေအောက်ခန်းအပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။
သူသည် သူ၏ကုတ်နှင့် နူးညံ့သော ကလေးမလေးကို ရစ်ပတ်ထားလိုက်ပြီး မပြောင်းလဲသောအသံဖြင့် အေးစက်စွာ မေးလိုက်သည်။
"မင်းဘာဖြစ်လို့ မအိပ်နေတာလဲ?"
Ye Sang သည် နှုတ်ခမ်းထော်လိုက်ပြီး ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ကလေးမလေး၏ နှလုံးသားမှာ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်လေသည်။
သူမ ဗိုက်ဆာတာကြောင့်ပါ ဟု ပြောလိုက်လျှင် သူမ၏ ဈေးပေါသော အဖေက သူမကို သေချာပေါက် ရယ်ပေလိမ့်မည်...
Huo Yao က သူမပြန်မဖြေသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းများကို အေးစက်စွာ တင်းတင်းစေ့လျက် သူမကို ထပ်မံ၍ ယုတ်မာစွာ ချိန်းခြောက်တော့သည်။
"ငါ့ကို မပြောချင်ဘူးပေါ့? Sangsang က ဟိုလူကြီးလို အရိုက်ခံချင်နေတာလား?"
ကလေးမလေးဟာ ရုတ်တရက် Duan Tingfan ၏ သနားစရာကောင်းသော အခြေအနေကို ပြန်လည်သတိရပြီး တုန်လှုပ်သွားခဲ့သည်။ သူမ မတရားဆက်ဆံခံရသည်ဟု ခံစားရပြီး ခေါင်းကို ခါခဲ့သည်။ အသံသေးလေးနှင့် စကားပြောဖို့ ကြိုးစားချိန်တွင် ရှုိက်သံများ ပြည့်နှက်လာခဲ့သည်။
"သ- သမီး ဗိုက်ဆာလို့..."
ဝါးးးးး
သူမက ဗိုက်ဆာနေလို့ပါ...
Huo Yao က သူမ၏ ေဝဝါးနေသော ကြောင်မျက်လုံးလေးများနှင့် အကြည့်ချင်း ဆုံလိုက်ပြီး ထူးဆန်းသော နူးညံ့မှုက သူ၏နှလုံးသားထဲတွင် ပြည့်လာခဲ့၏။ ဘာကြောင့်မှန်း မသိလိုက်ပါဘဲ သူ၏ မျက်လုံးများက အေးစက်သွားကာ သူ၏ မျက်လုံးများအောက်ခြေတွင် အန္တရာယ်ရှိသော အလင်းတစ်ခု ပေါ်လာခဲ့သည်။
YOU ARE READING
ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါ
Humor[Unicode + Zawgyi code] Name: ဗီလိန်ဖေဖေ၅ယောက်က ငါ့ကိုအလိုလိုက်ဖို့ ရန်ဖြစ်နေကြတယ် Summary >> Ye sang ရဲ့ အဖေငါးယောက်ဟာ ဒီကမ္ဘာမှာ မကောင်းမှုတွေကို လုပ်နေပြီး သူမကို ပေးထားတဲ့ ကတိတွေကို မတည်ဘဲ ကောက်ကျစ်နေတဲ့ ဗီလိန်ငါးယောက်ဖြစ်တယ်။ နောက်ဆုံးမှာတော့ သ...