Chapter { 17 }

377 54 5
                                    

ဖုန်းထဲမှာ Unicode ပဲ ရှိတော့တဲ့အတွက် zawgyi code မထည့်ပေးထားတော့ပါဘူး။ တောင်းပန်ပါတယ်။

There's only Unicode in my phone. So, I excluded Zawgyi code paragraphs unlike the past. I apologise.

Chapter 17 - အစ်ကိုဟုတ်လား?

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

အနမ်းတစ်ပွင့်အား အောင်မြင်စွာ ခိုးယူပြီးနောက် ပေါက်စလေးသည် စောင်များ၏အောက်တွင် သူမ၏ မျက်နှာကို နစ်မြုပ်ထားပြီး စိတ်ကျေနပ်စွာဖြင့် အိပ်ပျော်သွားခဲ့သည်။

ပြတင်းပေါက် အပြင်ဘက်တွင် လမင်းကြီးသည် တိမ်များ၏ အနောက်၌ ပုန်းကွယ်နေခဲ့၏။ ကလေးဆန်သော်လည်း နွေးထွေးသော အခန်းထဲ၌ အဖြူရောင် ခွေးပေါက်လေးသည် နူးညံ့သော ကော်ဇောပေါ်တွင် အိပ်ပျော်သွားပြီ ဖြစ်သည်။ ပြတင်းပေါက်အပြင်ရှိ ဆည်းလည်းလေးများသည် လေညင်းနှင့်အတူ အချင်းချင်း အသာအယာ ထိခတ်နေကြ၏။

လူရွယ်သည် သူ၏ ခေါင်းကို တောင့်တင်းစွာ ငုံ့လိုက်ပြီး မြန်မြန်ဆန်ဆန် အိပ်ပျော်သွားသည့် ကောင်မလေးကို ‌ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နူးညံ့သွားပြီး တစ်ခဏတာ တုံ့ဆိုင်းပြီးနောက် သူ့အသံအား နိမ့်လိုက်ကာ ပြန်ဖြေလိုက်သည်။

"ကောင်းသော ညပါ။"

...

နောက်တစ်နေ့ မနက်စောစောတွင် အများအားဖြင့် တိတ်ဆိတ်ပြီး အသက်မဲ့နေတတ်သော Huo မိသားစုသည် လှုပ်ရှားမှုများစွာနှင့် စည်ကားလာခဲ့သည်။

အားလုံးရဲ့ အချစ်ဆုံး Huo မိသားစုရဲ့ သခင်လေး ပြန်လာတော့မည် ဟူသည့် အချက်မှ လွဲ၍ အခြားအကြောင်းပြချက် မရှိတော့ပေ။

သတင်း ရရချင်းတွင်ပဲ အိမ်တော်တွင် ပျော်ရွှင်မှုများ ပွင့်ထွက်လာခဲ့သည်။

အခုမှ အိပ်ယာနိုးပြီး ကုတင်ပေါ်က ဆင်းလာသော ပေါက်စလေးသည် ခွေးပေါက်လေးကို တင်းကြပ်စွာ ဖက်ထားရင်း သူမ၏ မျက်လုံးများကို ပွတ်လိုက်သည်။ အိမ်တော်ကြီးကို သန့်ရှင်းရေး လုပ်နေသော အိမ်အကူများကိုလည်း စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။

"အိမ်တော်ထိန်း ဖိုးဖိုး"

သူမ၏ ဖြူဥနေသော မျက်နှာလေးမှာ စိတ်ရှုပ်ထွေးမှုကြောင့် တစ်ဖက်သို့ စောင်းသွားပြီး ကြွပ်ဆက်နေသော အသံလေးနှင့် ခေါ်လိုက်သည်။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now