Chapter { 12 }

1.2K 183 3
                                    

Unicode

Chapter 12 - ဖေဖေက သိက္ခာရှိတဲ့ လူသားတစ်ယောက် မလုပ်ချင်ဘူး

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

လူရွယ်သည် သူ့ထိုင်ခုံပေါ် စိန်ပြေနပြေ မှီချလိုက်ကာ သူ၏ မျက်လုံးများကို သီးသန့်အတွင်းရေးမှူး Zhao ဆီသို့ မြှင့်ကြည့်လိုက်ရင်း ခေါင်းစဥ်ပြောင်းလိုက်သည်။

"Duan Tingfan ဝန်ခံပြီလား?"

ထိုလူအကြောင်း သူပြောလာသောအခါ သီးသန့်အတွင်းရေးမှူး Zhao ၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ကြင်နာသော မျက်နှာအမူအရာမှာ အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ေပြာင်းသွားရင်း သူ့ခေါင်းကို ခါလိုက်သည်။

"ဒီလူက အတော်သစ္စာရှိသားပဲ ၊ သူလျှိုက ဘယ်သူလဲဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သူဝန်မခံဘူး"

Huo Yao စိတ်ဝင်စားလာပြီး ခပ်အက်အက်အသံနှင့် ရယ်လိုက်သည်။ သူ့မျက်နှာကို တစ်ဝက်လောက်ထိ နှိမ့်ချလိုက်ပြီး သူ၏ အမူအရာကို မြင်ရခက်စေခဲ့သည်။

"ဒါဆို သူက မပြောဘူးပေါ့လေ?"

သူ၏ အေးစက်စက်အသံမှာ တစ်ဖက်သားကို ကြက်သီးထစေခဲ့သည်။

သူက စိတ်မဝင်စားစွာ မတ်တပ်ထရပ်လိုက်ပြီး အမိန့်တစ်ခုချန်ထားပြီးနောက် ဖြတ်သွားတော့သည်:

"ဒါဆိုလည်း သူပြောမယ့်အချိန်ထိ သူ့ကို ရိုက်နေ"

............

တစ်ဖက်ခြမ်းတွင် အခုလေးတင် သူမအဖေအား သိက္ခာရှိသော လူသားတစ်ယောက်အဖြစ် ပြုမူအောင် သိမ်းသွင်းရန် ကြိုးစားနေခဲ့သည့် Ye Sang မှာတော့ သူမ၏ ဆာနေသော ဗိုက်ကို ဖြည့်နေတုန်း သူမ၏အဖေမှာ အခြားဖက်သို့ လှည့်ကာ တစ်မျိုးပြုမူနေခဲ့ပြီ ဖြစ်သည်။

သူမ၏ နူးညံ့ပြီး ဖြူဖွေးနေသော ခြေထောက်လေးများဖြင့် ပျော့ပြောင်းသော ကော်ဇောပေါ် မတ်တပ်ရပ်နေခဲ့သည်။ သူမ၏ခေါင်းလေးကို အပေါ်သို့ စောင်းပြပြီး အိမ်စေအစ်မအား ကြည့်နေသည်မှာ အစာကျွေးရန် စောင့်နေသည့် ကြောင်ကလေးတစ်ကောင် ကဲ့သို့ပင်ဖြစ်သည်။

ဝူးးး

သူမ ဗိုက်ဆာတယ်...

ဒီနေရာကို သူမ ပထမဦးဆုံးအကြိမ် ရောက်ဖူးသောကြောင့် ဖြစ်မည် ၊ သူမသည် စူးစမ်းနေပြီး စားသောက်ခြင်းအပေါ်တွင် အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ပေ။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now