part 2

6.2K 468 3
                                    

"မင်းသားလေး ဘာကိစ္စရှိလို့လဲ"
"ရိပေါ်ရှိလား"
ရိ‌ပေါ်အထဲမှ အသံကြား၍ထွက်လာတော့
"ဒီက စစ်သူကြီး ကျွန်တော့်ကိုတွေ့ချင်ရဲ့လား"
....…...
"မင်းကို ငါနဲ့ခနလေးတွေ့တာတောင် ဒေါသတွေထွက်နေတာ တစ်သက်လုံးအတူနေရမှာဆိုတော့ မင်းအတွက်အရမ်းပင်ပန်းမှာပဲနော် ခမည်းတော်အမိန့်ကိုမလွန်ဆန်နိုင်လို့ သဘောတူခဲ့တာမှတ်လား.
..........
"ငါတစ်ခါတည်းသတိပေးလိုက်မယ် လက်ထပ်ပြီးလည်း ငါသဘောကျတဲ့မိန်းကလေးကိုတွေ့ရင် ငါသူနဲ့ လက်ထပ်မှာ"
ရိပေါ်ရဲ့မျက်နှာကတော့ တည်မြဲတိုင်းတည်လျှက်ပင်

"မင်းသားလေး သဘောအတိုင်းပါ"

"ဟင်း လိမ္မာတယ် အဲ့တာကြောင့်ခမည်းတော်က သဘောကျနေတာ"
-------------
လွန်ခဲ့တဲ့ရက်များ...

"စစ်သူကြီး ကိုယ်တော့်သားငယ်လေးဆီကိုသွားပေးပါဦး သူ့ကိုကိုယ်တော်စိတ်မချဘူး ဘယ်သူမှလည်းမနိုင်ဘူး"
"ကျွန်တော်မျိုး သွားလိုက်ပါမယ်"

ရိပေါ်ရောက်တော့ အပင်ပေါ်ကုတ်ဖက်တတ်နေတဲ့မင်းသားကိုတွေ့လိုက်ရသည်။
"ကျစ် ဘယ်လိုတော် အိ‌ေန္ဒြမရှိတဲ့မင်းသားလဲ"
"ဟိတ် မင်းဘာပြောလိုက်တာလဲ ငါကြားတယ်နော်"
"မင်းသား ဆင်းခဲ့ပါ အန္တာရာယ်များပါတယ်"
"မင်းကဘာမို့လို့ ငါ့ကိုအမိန့်ပေးတာလဲ"
.........
"ကြည့်ရတာ ဝတ်စားထားတဲ့ပုံကစစ်သူကြီးတစ်ယောက်ပဲ ဟုတ်တယ်မလား စစ်သူကြီး ပျော်ချင်လား "

ရိပေါ်ဘာမှ မပြောဘဲကြည့်ပဲကြည့်နေသည်ထိုစဉ် ရှောင်ကျန့်သစ်ပင်မှပိုးကောင်တစ်ကောင်ယူပြီးစစ်သူကြီး ပေါ်ပစ်ချလိုက်ရာလည်ပင်းထဲတန်းဝင်သွားသည်။ ပိုးကောင်ကအဆိပ်ရှိတဲ့အကောင်ဖြစ်လို့ စစ်သူကြီးရဲ့လည်ပင်းကိုကိုက်ချလိုက်ရာ ‌အောင့်သက်သက်နဲ့စူးကနဲခံစားချက်နဲ့အတူ ဒေါသတွေပါထွက်လာကာ ရှောင်ကျန့်ထိုင်နေတဲ့သစ်ကိုင်းချောင်းကိုခုန်ပြီးဓားနဲ့ခုတ်ချလိုက်သည်။
"ဘုတ် အား......သေပါပြီ ခမည်းတော်ရေ သားကို အနိုင်ကျင့်တယ်"

ရှောင်ကျန့်ထော့နဲ့ထော့နဲ့ဖြင့်ထကာခြေလှမ်းတွေက မင်းကြီးဆီသို့......
ရိပေါ်လဲအပြစ်ခံယူရန်အနောက်မှလိုက်လာခဲ့လိုက်သည်။

My  Prince ❣️(Completed)Where stories live. Discover now