ရှောင်ကျန့်တစ်ယောက် အရင်ကသူဆော့ခဲ့ဖူးတဲ့နေရာတွေ သူနေတဲ့နန်းဆောင်တွေကိုလျှောက်ကြည့်ရင်း စိတ်ထဲမှာရင်းနှီးသယောင်ယောင် ဖြစ်လာကာ မက်မွန်ပင်ကြီးကိုတွေ့တော့ အပေါ်တတ်ချင်စိတ်များတဖွားဖွားပေါက်လာကာ အပေါ်သို့တတ်လိုက်လေသည်။ခေါင်းထဲ တွင်အရင်မှတ်ဥာဏ်တချို့က ဖျက်ကနဲ ရိတ်ကနဲ မဲမဲ မဲမဲပေါ်လာသည် ထိုသို့ပေါ်လာလို့ စဉ်းစားလိုက်ရင်ခေါင်းတွေကိုက်လာသဖြင့်မစဉ်းစားတော့ပဲ အပင်ပေါ်မှာသာထိုင်နေလိုက်သည်။ထိုစဉ် ချင်မင်းသမီးအပင်အောက်မှာ သူ့အခြွေရံနှင့်ရောက်လာကာ ရှောင်ကျန့်အပင်ပေါ်မှာရှိသည်ကိုမသိသောကြောင့်...
"သခင်မလေး မင်းကြီးဆီမှာယောက်ျားရှိတယ်နော်"
"အဲ့တာ အရင်မင်းကြီးကပေးစားထားတာ ပြီးတော့သူကဘုရင်ပဲ ဘယ်နှစ်ယောက်ယူယူ ယူလို့ရတာပဲ ပြီးတော့မိဘုရားခေါင်နေရာကဘယ်သူမှာမှ မရှိသေးတာ ငါကြိုးစားလို့ရသေးတာပဲ ယောက်ျားလေးတစ်ယောက်နဲ့ ငါကယှဉ်စရာကိုမလိုတာ"*အောင်မာ ဒင်းကများ ငါ့ယောက်ျားကိုပစ်မှားနေသေးတယ် နေဦး ပညာပေးဦးမယ်*
ရှောင်ကျန့်ဟိုလှည့်ဒီလှည့်နဲ့ ရှာဖွေနေတုန်း ခါချဉ်အုံကိုတွေ့သဖြင့် ဖြုတ်ပြီး ပစ်ချလိုက်သည်။
"ဘုတ် ...ဟင်ဘာကြီးလဲ အား နာ တယ် နာ တယ် ခါချဉ်တွေ လုပ်ဦး"
အခြွေရံကောင်မလေးက ကူပြီးဖယ်ပေးကာအလုပ်ရှုပ်နေရင်း...
"ခိခိ"
" ဟင် အပင်ပေါ်က .....မင်းသား မင်းသားအရမ်းလွန်ပါတယ်"
"မင်းရောက်နေတာ ငါမသိဘူး ငါ့လက်ကိုကိုက်လို့လွှတ်ချမိသွားတာ"
"အဟင့် အဲ့တာဆိုဘာလို့ကျိတ်ရယ်တာလဲ တိုင်ပြောမယ်အရှင်နဲ့တိုင်ပြောမယ်""အရှင်မင်းကြီး အရှင်မင်းကြီး"
"မင်းသမီး ဘာဖြစ်လို့လဲ"
"မင်းသားလေးကအရမ်းလွန်ပါတယ် ကျွန်မကိုယ်ပေါ်ခါချဉ်အုံပစ်ချတယ်"ရိပေါ်လှမ်းကြည့်လိုက်တော့ အနောက်မှာမက်တပ်ရပ်နေတဲ့ရှောင်ကျန့်...
ရှောင်ကျန့်အရှင့်ကိုကြည့်လိုက်တဲ့အချိန်မှာ အရှင့်ရဲ့မျက်နှာက သိသိသာသာပျက်ယွင်းပြီး သူ့ဆီကိုမာန်နဲ့လျှောက်လာတဲ့မင်းကြီးကြောင့်...
YOU ARE READING
My Prince ❣️(Completed)
Fanfictionအခါးမပါဘူးနော် အချိုပဲရေးမှာပါ အသည်းနုတယ်ဒီက. warning ကတော့မပါရင်အားမရလို့ နဲနဲထည့်မယ် အဟိ😁