"အမတ်ဝမ်ကို ကိုယ်တော် အမတ်ချုပ် ရာထူးတိုးပေးလိုက်ပြီ"
"မင်း မင်းကြီးကျေးဇူးကြီးလှပါတယ် ကျွန်တော်မျိုးမင်းကြီးကိုသစ္စာရှိရှိခစားသွားပါမယ်"
"ဒါပေမယ့် မောင်မင်းကိုယ်တော့်ကိုကိစ္စတစ်ခုလိုက်လျှောရမယ်"
"ဘာ ဘာများလဲမင်းကြီး"
"အမတ်ကြီးရဲ့သား စစ်သူကြီးဝမ်ရိပေါ်ကိုသမတ်တော်ချင်တယ်"
**ဟင် ရှောင်မင်းကြီးကသားနှစ်ယောက်ပဲမွေးထားတာလေ**အမတ်ချုပ်ကြီးလဲ မမေးရဲသဖြင့် ခေါင်းသာငြိမ့်ခဲ့လိုက်လေသည်။
ရှောင်း ဧကရာဇ်က ဝမ်အမတ်ချုပ်ကြီးရဲ့သမီးကို သူ၏သားကြီးဖြစ်သူအိမ်ရှေ့စံရှောင်မင်နဲ့ လက်ဆတ်ပေးကာ မိဖုရားခေါင်နေရာပေးတဲ့အပြင် သူ့ကိုပါအမတ်ချုပ်ရာထူးတိုးပေးထားသဖြင့် အံ့ဩလို့မဆုံးသေးဘူး သားစစ်သူကြီးကိုသမတ်တော်ချင်တယ်ဆိုတော့ အမတ်ကြီးတစ်ယောက် ခေါင်းပေါက်အောစဉ်းစားနေလေသည်။*တိတ်တိတ်ပုံးမယားရဲ့သမီးနဲ့ပေးစားမလို့လား*
"သားရိပေါ် လာပါဦး"
"သားမှာ ချစ်ရတဲ့သူရှိပြီလား"
"မရှိသေးပါဘူး"
"မျစ်မျစ်ကိုရောဘယ်လိုသဘောရလဲ"
"ကျွန်တော်ညီမလေးတစ်ယောက်ထပ်သူ့ကိုမပိုပါဘူး"
**ဒါဆိုတော်သေးတယ်**
"အရှင်မင်းကြီးကသားကို သားမတ်တော်ချင်လို့တောင်းဆိုလာတယ်"ဝမ်ရိပေါ်မျက်လုံးပြူးသွားသည်
"သူ့မှာသမီးမှမရှိတာ"
"အဲ့တာတော့ ပါးလဲမပြောတတ်ဘူး မနက်ဖြန်မှ သားနဲ့အတူသွားရမှာ သားသဘောကကော သားကိုလဲ စိတ်ဆင်းမရဲစေချင်ဘူး"
"ပါးတို့ဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ပါဘူး ပါးစိတ်မပျက်စေရဘူးစိတ်ချ"မင်းကြီးအကြံအစီက သူ့အချစ်တော်မိဖုရားမှမွေးတဲ့ သားငယ်လေးဖြစ်တဲ့ရှောင်ရှောင်းကျန့်ကိုလုံးဝစိတ်မချ ရှပ်ပြာရှပ်ပြာနဲ့ အသက်ကနှစ်ဆယ်ရှိပြီ ကလေးလိုလိုလျှောက်ဆော့နေတုန်း နန်းတော်ဆိုတာကလဲ စဉ်းလဲမှုအပြည့် လုံးဝစိတ်မချရဘူး အဲ့တော့အိမ်ထောင်ချပေးချင်ပေမယ့်လဲ သူ့ပုံစံကအိမ်ထောင်ဦးစီးလုပ်ဖို့မပြောနဲ့ ကိုယ့်ဘာသာတောင်ရပ်တည်နိုင်တာမဟုတ်ဘူး အဲ့တာကြောင့်စစ်သူကြီးဝမ်လက်ထဲကိုအပ်ချင်သည်။စစ်သူကြီးဝမ်ဆိုသည်မှာ အသက်၃၀ခန့်ရှိပြီး လက်ရုံးရည်ရောနှလုံးရည်ပါပြည့်စုံသူဖြစ်ပြီး ယုံကြည်အားကိုးရသော သစ္စာခံတစ်ယောက်ဖြစ်သဖြင့် သားငယ်လေးရှေ့ရေးအတွက် စိတ်အေးစေရန် ဝမ်တစ်အိမ်လုံးကို မငြင်းဆန်နိုင်အောင် မြှောက်စားထားခြင်းဖြစ်တယ်..
(အကျိုးလိုလို့ ညောင်ရေလောင်းတာပေါ့).
YOU ARE READING
My Prince ❣️(Completed)
Fanficအခါးမပါဘူးနော် အချိုပဲရေးမှာပါ အသည်းနုတယ်ဒီက. warning ကတော့မပါရင်အားမရလို့ နဲနဲထည့်မယ် အဟိ😁