စစ်သူကြီး လာနေတဲ့3ရက်အတွင်း ကျန်းချန် မျက်လုံးတွေရော နားတွေပါအကြောပိတ်ထားရသည် အပင်အောက်လဲမရှောင် ရေထထဲလဲမရှောင်သော ဆရာသမားစုံတွဲအား လက်လန်နေတာအမှန်ပင်....
"စစ်သူကြီး နယ်စပ်ကသူပုန်တွေတအားထနေတယ် အမြန်ဆုံးသွားမှဖြစ်မယ် မင်းကြီးမိန့်လိုက်တယ်"
"ဘာ ဒီလောက်သေချာပြောထားတာကို ငါ့ကိုကတိမတည်ဘူး အခုချက်ချင်းသွားမယ်"အိမ်တော်သို့ပြန်ရောက်ရောက်ခြင်း နန်းတွင်းမှတပ်သားတစ်ယောက် အလောတကြီးရောက်လာခြင်းဖြစ်တယ်..
"ဝမ် သတိထားနော် ဒီရက်ပိုင်း ကျန့်ခမည်းတော်ဆီ သွားလိုက်ဦးမယ်"
"အင်း ကိုယ့်ရဲ့ကျန့်လေး ချစ်တယ်မွ"
"ကျန့်လဲ ဝမ့်ကိုချစ်တယ်"ရိပေါ်တို့တပ်ဖွဲ့မြင်းကိုဒုန်းစိုင်းပြီး နှင်လာရာ နေ့လည်လောက်ရောက်တော့ သူတို့အရှေ့မှ သူတို့လိုပဲဒုန်းစိုင်းပြီးနှင်လာတဲ့လူတစ်စု..
အနီးနားရောက်လာတော့.."ဟင် ဝမ်းနင် "
" စစ်သူကြီး ထောင်ချောက်မိပြီ ကျွန်တော် လူယုံပြောလို့ ကြားကြား ခြင်းရောက်လာတာ ကျွန်တော်တို့အဖွဲ့ငြိမ်နေတာကြာပြီ အခုမှသတင်းကြားလို့ထွက်လာတာ""ဘာ ဒါ ဒါဆို ....ကျန့်"
"သူတို့ ဒီညလှုပ်ရှားလိမ့်မယ်ထင်တယ် ကျွန်တော်တို့ အခုချိန်သွားရင် ညဦးပိုင်းလောက်မှ ရောက်လိမ့်မယ် မှီပါမလား"ဝမ်းနင်စကားဆုံးတာနဲ့ ရွှေနန်းတော်ကိုဦးတည်ပြီး ဒုန်းစိုင်းနှင်တော့တယ်.....
*ကျန့် ကျန့်အိမ်မှာပဲနေပါ ကိုယ့်ကိုစောင့်နေပါ*ည၈နာရီလောက်ရောက်တော့ ရှောင်ကျန့်ကမင်းကြီးအခန်းထဲမှာ ရိပေါ်နဲ့အဆင်ပြေကြောင်း သားဖနှစ်ယောက် ရာယ်မောကာပြောနေစဉ်.....
"နှစ်ယောက်လုံးမလှုပ်နဲ့"
"ဟင် ညီမတော်နဲ့ တူတော်"
"အဟက် နှစ်ယောက်လုံးကိုတန်းတွေ့တာပဲ အခုနင်တို့ကိုကာကွယ် မယ့်စစ်သူကြီးလဲမရှိတော့ဘူး အဟက်"
"ကျွန်တော် ကိုယ်တိုင်သူ့ရဲ့အားနည်းတဲ့ သားလေးကိုသတ်မယ် ကျွန်တော့်အဖေတုန်းက သတ်ထားတာကိုပြန်မှတ်မိလာအောင် လုပ်ပေးချင်လို့"
"ငါ့ ငါ့သားလေးကိုချမ်းသာပေးပါ တောင်းပန်ပါတယ်"
"ခမည်းတော်တောင်းပန်စရာမလိုဘူး သူ့အဖေကပုန်ကန်သူမို့လို့သေရတာ အခုသူလဲသူ့အဖေနောက်လိုက်ချင်လို့နေမှာပေါ့"
"ဘာ စောက်ကြီးကျယ်လိုက်တာ ကပ်ပါးကောင်က"
YOU ARE READING
My Prince ❣️(Completed)
Fanfictionအခါးမပါဘူးနော် အချိုပဲရေးမှာပါ အသည်းနုတယ်ဒီက. warning ကတော့မပါရင်အားမရလို့ နဲနဲထည့်မယ် အဟိ😁