တစ်ဖက်တွင် ရှောင်မင်းကြီးက သူ၏ ဝမ်းကွဲအမတော်ပုန်ကန်ဖို့အစီစဉ်ဆွဲနေတာကိုရိပ်မိသည် နတ်ရွာစံသွားပြီဖြစ်တဲ့ တစ်ဖက်နိုင်ငံကမင်းသားရဲ့ တပ်ဖွဲတွေကိုအကူညီတောင်းထားသဖြင့်အင်အားကတော့နည်းမည်မဟုတ်လောက်... သူ့မှာအားကိုးစရာဆိုလို့ ဝမ်စစ်သူကြီးတစ်ဦးသာရှိလေသည်။
"ဝမ်စစ်သူကြီး အခုနေရာလုံခြုံရဲ့လား"
"စိတ်မပူပါနဲ့ အခုကျွန်တော်တို့လေ့ကျင့်ရေးတပ်ကိုသေချာဦးစီးထားပါတယ် သူတို့မရိပ်မိလောက်ပါဘူး"
"စစ်သူကြီး"
"အမိန့်ရှိပါ"
"နန်းတော်ကို သိမ်းပိုက်ပေးပါ ပလ္လင်ကိုသိမ်းပိုက်ပေးပါ"
ရိပေါ်ထိန့်လန့်စွာ ကြည့်လာသည်
"အိမ် အိမ်ရှေ့စံတစ်ယောက်လုံးရှိသေးတယ်လေ"
"သူဘုရင်လုပ်လို့မရဘူး သူကကျန်းမာရေးမကောင်းဘူး ငယ်ငယ်ကတည်းကချူချာလို့ မင်းသားတစ်ယောက်တတ်သင့်တတ်ထိုက်တာတွေ မရှိဘူး ဒီအားနည်းချက်ကိုသူတို့မသိအောင်ဖုံးကွယ်ခဲ့တာ အခုငါ့မှာအားကိုးစရာမင်းအပြင်မရှိဘူး"
"အဲ့လိုမပြောပါနဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးအစွမ်းကုန်ကာကွယ်ပေးပါမယ်"
--------------
တစ်ဖက်တွင် ဘုရင်ရဲ့အမဝမ်းကွဲဖြစ်သူ ရှောင်ဖင်းကော် နဲ့ သူမသားဖြစ်သူ လီဝမ်"အဟက် ဟိုစပ်စလူးကောင်တော့နန်းပြင်ရောက်သွားပြီ သူ့သားကိုသတ်တော့မယ်ဆိုတာကိုသိနေပုံပဲ ဒါလဲကောင်းတာပဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ထွက်သွားတာ"
"မယ်တော် ကျွန်တော်စိတ်ထဲ လေးနေတယ် နေရင်းထိုင်ရင်းတော့ သူ့ချစ်လှစွာသောသားကိုဒီလိုလုပ်မှာမဟုတ်ဘူး ကျွန်တော်တို့စစ်သူကြီးကိုသတိထားရမယ်"
"မင်းခမည်းတော်နိုင်ငံက အကူညီတောင်းထားတဲ့ တပ်နဲ့ နန်းတွင်းထဲမှာရှိတဲ့ငါတို့တပ်တွေက လုံလောက်သလောက်ဖြစ်နေပြီ စစ်သူကြီးဦးဆောင်နေတဲ့ တပ်သားလောက်ကေတာ့တိုက်ဖို့လုံလောက်ပါတယ်"
----------
ရှောင်ကျန့်တစ်ယောက် ရိပေါ်ရဲ့အိမ်ရောက်ပြီးနောက်နေမှ စ၍တစ်ခြံလုံးကိုစပ်စုတော့သည်။
"ဝိုးမိုက်လိုက်တာ အပင်အကြီးကြီးတွေရှိတယ် ငါ့အကြိုက်ပဲ ခြံကလဲအကျယ်ကြီးပဲ ဟင် ဟိုနားကခြုံကြီးကမိုက်လိုက်တာ မသိရင် အိမ်လေးလိုတောု်ဖြစ်နေတယ် ပန်းအနီလေးတွေကလဲပွင့်လို့"
"သခင်လေး အဲ့ခြုံကိုသွားလို့မရပါဘူး"
"ဘာလို့လဲ"
"အဲ့လိုပဲ မသွားဖို့မှာထားလို့ပါ"
"ဒါနဲ့ ဝမ်ရိပေါ်ကဘယ်ချိန်တွေအိမ်ပြန်လာလဲ"
"နေ့ခင်းဖက်ဆိုအမြဲပြန်ရောက်ပါတယ် ဒါပေမယ့် တစ်ပတ်မှာ၃ရက်က ပုံမှန်အိမ်ပြန်နောက်ကျပါတယ်"
"အင်း သိပြီ"
"သားလေး ထမင်းစားတော့မလား မာမားက ဝမ်ရိပေါ်ရဲ့အမေ"
YOU ARE READING
My Prince ❣️(Completed)
Fanfictionအခါးမပါဘူးနော် အချိုပဲရေးမှာပါ အသည်းနုတယ်ဒီက. warning ကတော့မပါရင်အားမရလို့ နဲနဲထည့်မယ် အဟိ😁