မင်းကြီးရိပေါ်ဟာ သူ့အသဲလေးကိုမျက်စိအောက်ကအပျောက်မခံတော့ပါ အခုအိမ်အပြန်လမ်းတွင် ဝေါယာဉ်ထဲမှာအတူထိုင်နေခြင်းဖြစ်သည်။
*ဒီတစ်ဘုရင်ကတော့ တစ်ယောက်တစ်ခုမစီးဘူး နှစ်ယောက်ပေါင်းစီးတော့ ငါတို့ကအီးထွက်ပြီပေါ့**ဒါနဲ့ ဒီဘုရင်ကြီးကငါနဲ့လက်ထပ်ထားတာတဲ့ ဟီဟီကြိုက်နေတာနဲ့အတော်ပဲ ကံကောင်းချင်တော့ မုတ်ဆိတ်ပျားစွဲတာပဲ...အမ် ငါအခုဘာဖြစ်နေတာလဲ ယောက်ျားချင်းကြီးကိုသဘောကျနေတာလား ငါကအခြောက်လား ဒါနဲ့ ဘုရင်ကြီးနဲ့ မင်းသားနဲ့ကဘယ်အခြေနေထိရောက်ပြီးသားလဲမသိဘူး...*
ရှောင်ကျန့်က မျက်လုံးလေးလှန်လှန်ပြီးခိုးခိုးကြည့်နေတော့ ရိပေါ်ကခေါင်းလေးကိုပုတ်ေပးကာ...
"ကိုယ့်ကိုကြောက်နေတာလား အရင်ကမင်းသားလေးဆို ကိုယ်ကကြောက်ရတာ"
"ဟို ဟိုအရှင်နဲ့ကျွန်တော်က ဘယ်အခြေနေထိရောက်ပြီးပြီလဲ"
"အဟက် ဘာတွေတွေးနေတာလဲ.....လူညစ်ပတ်လေး ....ကျန့်တစ်ကိုယ်လုံး ကိုယ်မထိဖူးတဲ့နေရာမရှိဘူး ကျန့်ပေါင်ရင်းကမှည့်လေးကိုရော"
"အာ ....."
ရိပေါ်ကပြုံးစစနဲ့ ညုတုတုပြောလိုက်တော့
ရှောင်ကျန့် မျက်နှာလေးရဲတတ်သွားကာခေါင်းလေးငုံ့သွားသည်။ဒါကိုအသည်းယားသွားတဲ့ရိပေါ်က ပါးလေးကိုငုံ့ကာနမ်းလိုက်တော့..."အ အရှင်ကျွန်တော်မနေတတ်ဘူး"
-------
နန်းတော်ထဲရောက်တော့
"အရှင်မင်းကြီး ချင်နိုင်ကလူတွေရောက်နေပါတယ် ချစ်ကြည်ရေးအတွက် မဂ်လာကိစ္စပါဆွေးနွေးချင်လို့ တဲ့"
"အကြောင်းမကြားဘာမကြားနဲ့"
--------
"အရှင်မင်းကြီး ရောက်လာပြီလား ကျွန်မကချင်နိုင်ငံကမင်းသမီး အားလီပါ"ရှောင်ကျန့်မသိမသာလေးခိုးကြည့်လိုက်တော့ မင်းသမီးကပန်းရောင်ဝတ်စုံဂါဝန်လေးနဲ့ ဖြူဖွေးနေတဲ့အသားရေလေးကြောင့် အူတိုမိသည်။ထိုမင်းသမီးက ရိပေါ်ကိုပဲသိသိသာသာ အထာပေးနေသောကြောင့် ....
"အား ကျွန်တော်ခေါင်းကိုက်တယ်"
"ဟင် ကျန့်လေးအရမ်းနာနေလား လာကိုယ်ချီသွားမယ်"ရိပေါ်ကရှောင်ကျန့်ကိုပွေ့ပြီးသွားတော့ ကျန်ခဲ့တဲ့မင်းသမီးကို ရှောင်ကျန့်ကဖားအပြုံးပြုံးကာကြည့်နေလိုက်တယ်..
YOU ARE READING
My Prince ❣️(Completed)
Fanfictionအခါးမပါဘူးနော် အချိုပဲရေးမှာပါ အသည်းနုတယ်ဒီက. warning ကတော့မပါရင်အားမရလို့ နဲနဲထည့်မယ် အဟိ😁