အပိုင်း ၁

3K 130 0
                                    

အပိုင်း(၁)

ရောက်ခြည်ဖြာနံနက်ခင်းရဲ့အလင်းသစ်နှင့်အတူ Manoban မိသားစုရဲ့ ထမင်းဝိုင်းလေးဟာ အသက်ဝင်လှတယ်။

Lisa dad > သားလေး ဒီနေ့တက္ကသိုလ်ရဲ့ ပထမဆုံးနေ့အတွက် အဆင်သင့်ဖြစ်ပြီလား

Lisa > Nae appa

Lisa dad > အေးအေး စာလည်းကြိုးစားအုံး ဆေးကျောင်းဆိုတာက ပြင်းထန်တဲ့အားထုတ်မှူရှိမှရတာ

Lisa > Nae  စိတ်မပူပါနဲ့

Lisa dad > ပြီးတော့ နင် စာမကျက်ဘဲအလေလိုက်မနေနဲ့  နိအစ်ကိုလိုမျိုး ဆေးကျောင်းတက်နိုင်အောင်ကြိုးစား ကြားလား 

Lisaနံဘေးတွင်ထိုင်နေသော chaeyoungလေးကိုလှမ်းငေါက်လိုက်သေးသည်။

Chaeyoung > သိပါတယ် အဖေကလည်း သမီးကိုဆို ဆူပဲဆူနေတယ် တော်ပြီ မစားတော့ဘူး ဆောင့်အောင့်၍ ထွက်သွားလေသည်။

Lisa dad > ကြည့်စမ်း ဒီကလေးမတော့ တော်တော်အကျင့်ပျက်နေပြီ

Lisa > အဖေကလည်း ညီမလေးကလိမ္မာပါတယ် 

ညီမလေးကိုအရမ်းချစ်တော့ လိုက်ပြီးကာကွယ်နေတာပေါ့

At school,

Lisa > ဝါး။။ ...ပထမဆုံးနေ့ကလည်းပင်ပန်းလိုက်တာ  အညောင်းပြေအကြောလေးဆန့်နေတုန်း
နောက်ကနေ တစ်ယောက်ယောက်က ပခုံးကို ပုပ်လိုက်တာကြောင့်   လှည့်ကြည့်လိုက်သည်။ ထိုသူက တခြားတော့မဟုတ်ပါဘူး သူ့သူငယ်ချင်း jisooပဲပေါ့။

Lisa > ဘာလဲ
Jisoo > အိမ့်ငိုက်နေပြီ ကော်ဖီသွားသောက်ရအောင်
Lisa > ကောင်းသားပဲ သွားကြစို့

ကျောင်းကန်တင်းမှာ Lisa နဲ့ Jisooနစ်ယောက်သား ကော်ဖီထိုင်သောက်ရင်း စကားလက်ဆုံကျနေတာပေါ့

သူတို့ရဲ့မျက်နှာချင်းဆိုင်ခုံမှာတော့ အတင်းတုတ်မ    ကြယ်စင်တို့ သူငယ်ချင်းတစ်စုကနေရာယူထားတယ်။

"ဟဲ့ ဟဲ့ ဟိုမှာကြည့်စမ်း ဟိုတလောကမှ ဘဲကပစ်သွားတဲ့ ဘဲပစ်မ တစ်ခုတော့ နောက်တစ်ယောက်နဲ့ မလေးတတ်လဲတတ်နိုင်ပါတယ်အေ "
"ရုပ်ကလေးက သနားကမားနဲ့ယောက်ျားတွေကို လှည့်စားတဲ့နေရာမှာဆရာကြီး"
"ပြောမနေပါနဲ့ မိကြယ်စင်ရာ အာညောင်းတာပဲအဖတ်တင်တယ် "

စသည်ဖြင့် စသည်ဖြင့် အတင်းတုတ်သံများကို ဘေးခုံမှ Lisaတို့ သူငယ်ချင်းနစ်ယောက်ကတော့ ကောင်းကောင်းကြားနေရတာပေါ့။ နားရှိလို့သာ ကြားနေရတာပါ Lisaတို့က သူများအကြောင်းဆို နည်းနည်းလေးမှစိတ်ဝင်စားတာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ခပ်တည်တည်နဲ့ အနေအေးပြီးစာတော်တယ် ။သူငယ်ချင်းဆိုလို့လည်း jisooတစ်ယောက်ပဲရှိတယ် မဟုတ်ပါလော။

Lisa  > နားငြီးလာပြီ အခန်းထဲပြန်ရအောင်

Jisoo > ok သွားမယ်

Lisaထမလို့ ခေါင်းကိုမော့ကြည့်လိုက်တော့
အသားခပ်ဖြူဖြူ နဲ့ကောင်မလေးတစ်ယောက်  အရပ်နိမ့်တာမို့ ဒေါက်ဖိနပ်လေး မတောက်တစ်ခေါက်စီးထားတယ်။ သူမရဲ့ ညို့အားပြင်းသော မျက်ဝန်းတစ်စုံ ကြောင့် ယောက်ျားလေးတော်တော်များများကြွေဆင်းရတဲ့သူပေါ့။ အဲ့ဒီအထဲ Lisaဆိုတဲ့ ကောင်ကလေးပါသွားပြီလားမသိ။ သူမရဲ့နံဘေးမှာ ကပ်လျက် ဘဲကြီးတစ်ယောက် အရန်သင့် ရှိပြီးသားမို့  ကောင်ကလေး စိတ်လျော့လိုက်လေသလား။

"Lisa သွားမယ်ဆို လာလေ"  jisooရဲ့ခေါ်သံကြားတော့မှ ချက်ချင်းမတ်တပ်ထရပ်ပြီး "အေးအေး သွားမယ်"

Lisa >ငါနင့်ကို တစ်ခုလောက်မေးလို့ရမလား

Jisoo >မေးလေ ဖြေနိုင်ရင်ဖြေမယ်

Lisa > ငါမေးချင်တာက ခုဏက သူတို့ပြောနေကြတဲ့ ဘဲပစ်မဆိုတဲ့လူကိုသိလား

Jisoo > ဘာ

Lisa > ငါက ဒီအတိုင်းမေးကြည့်တာပါ

Jisoo >ဘယ်လိုလုပ်သိအုံးမလဲ ဒီနေ့မှ ကျောင်းစရောက်တာလေ

Lisa > အေးပါ သွားရအောင် .....

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now