" ဘာလို့ဖုန်းမကိုင်တာလဲ ။ yaa Lisa နင်တော့ သေပြီသာမှတ် ဟွင့် " ဖွဲမီးကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေတဲ့ သူမရဲ့ဒေါသတွေဟာ နားနေခန်းရဲ့ ထောင့်လေးတစ်နေရာတွင် အပုံလိုက်လဲကျနေသော Lisaခန္ဓာကိုယ်ကြီးမြင်တော့မှ ice cream အဖြစ်သို့ အေးခဲသွားလေတော့သည်။
"yaa Lisa ဘယ်လိုဖြစ်တာလဲ" တစ်ယောက်ထဲ စကားပြောရင်း Lisaထံ ချဉ်းကပ်လာခဲ့ရာ အနားရောက်တော့ မျက်နှာလေးကိုကိုင်ပြီး ပုပ်နိုးနေခဲ့တယ်။ သွေးခုန်နှုန်းကိုစမ်းကြည့်တော့ မြန်နေတာကိုသတိထားမိတယ်။ "သူထိတ်လန့်စရာ တစ်ခုခုနဲ့ကြုံပြီး သတိလစ်သွားတာ "လို့
ဒေါက်တာ Jennie kim ကောက်ချက်ချလိုက်တယ်။ စိုးရိမ်စရာ မရှိဘူးဆိုပေမဲ့လို့ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းထားလို့ကမဖြစ်နိုင် ။ညနက်နေပြီဖြစ်တာကြောင့် အကူအညီတောင်းဖို့လဲ လူမတွေ့ ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီး Lisaခန္ဓာကိုယ်ကို မ တင်ဖို့ရန်ရှိတော့သည်။Lisa ရဲ့ လက်ကလေးကို သူမပုခုံပေါ်တွင်တွဲလျက် ၊တစ်ဖက်လက်ကလည်း Lisaခါးကိုဖက်ပြီး ဆိုဖာရှိရာကိုလှမ်းခဲ့တယ် ။ ထို့နောက် Lisa ကို ဆိုဖာပေါ်တွင်အိပ်စေပြီး နဘေးကခုံတွင် သူမအလုပ်ဆက်လုပ်နေသည်။ နာရီလှည့်တံတွေ ဟာ တရွေ့ရွေ့နဲ့ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးလို့နေရာ Lisaလည်း သတိရချိန်တန်ပြီလေ။
"ငါဘယ်နေရာရောက်နေပါလိမ့် ၊ အာ့ ..ခေါင်းမူးလိုက်တာ"
Jennie > ခုနက ဘာဖြစ်တာလဲ
Lisa >ဟင်
Jennie > ကျမရုံးခန်းထဲကိုဝင်လာတော့ ($$$$********)
Lisa > ဟုတ်တယ် သရဲ ဒီအခန်းထဲမှာ သရဲရှိတယ်
အီးအဟင့်အဟင့်😨😨Jennie > နင်ငိုနေတာလား သရဲမရှိပါဘူး
Lisa > အဟင့် ...ဟင်.း......😨
နောက်တစ်ကြိမ် အကြောက်လွန်ပြီး ထပ်မေ့လဲသွားမှာကြောက်လို့ Jennie လည်းဘာမှမစဉ်းစားတော့ဘဲ Lisaကို တင်းကြပ်စွာဖက်ထားလိုက်တယ် ။ 😉 ။ အချိန်ကား မနက်(၁)နာရီ ။ ပြတင်းပေါက်မှန်လေးကို ထိုးဖောက်ပြီး ဝင်လာတဲ့ လရောင်၊ကြယ်ရောင်များအောက်တွင် ကောင်ကလေးက မမရဲ့ရင်ခွင်ထက်ဝယ် အိမ်စက်နေလေသည်။ ပင်ပန်းနေတဲ့ မမကလည်း ကောင်ကလေးကို မှီပြီး အိပ်ပျော်သွားလေသည်။
မနက်(၄)နာရီလောက်လည်းရောက်ရော Lisaနိုးလာတော့ နွေးထွေးသော ရင်ခွင်ထဲတွင် ရေမွှေးနံ့သင်းသင်းလေးကိုပါ တစ်ပါးတည်း ခံစားရသည်မို့ မျက်နှာကိုမော့ကြည့်လိုက်ရာ "ဟာ မမပါလား ၊ ဘယ်ကတည်းက ဒီလိုပုံစံနဲ့ အိပ်နေတာပါလိမ့် ၊လည်ပင်းတွေ ညောင်းကုန်တော့မှာပဲ။ "ဟု စိတ်ထဲကတွေးပြီး Jennieခေါင်းကို အသာကလေးမ၍ မိမိပေါင်ကို ခေါင်းအုံးလုပ်ပြီး ဆက်အိပ်စေခဲ့သည်။ Jennie မျက်နှာလေးကိုကြည့်ပြီး မိမိကိုခြောက်ခဲ့တဲ့ သရဲကိုပင် Lisaကျေးဇူးတင်နေမိလေသလား မသိဘူး။သူ့မမ နဖူးကိုပင် တစ်ချက်ခိုးနမ်းလိုက်သေးသည်။
Chaeyoung > appa ညက အစ်ကိုအိမ်ပြန်မလာဘူးလား
Lisa dad > အင်း သူဆေးရုံမှာအလုပ်ရှူုပ်နေတယ်
Chaeyoung > တော်သေးလို့ သမီးဆေးကျောင်းမပါတာပေါ့ ၊မဟုတ်ရင် ညလုံးပေါက်အလုပ်လုပ်နေရအုံးမယ်
Lisa dad > အားရီးကူး။ ဒီကလေးမတော့
Chaeyoung > ဟုတ်တယ်လေ appaကလည်း
"ပြန်ရောက်ပါပြီ " လို့ lisaအသံပြုလိုက်ရာ Chae လည်း သူ့အစ်ကိုဆီပြေးသွားပြီး မျက်နှာကိုသေချာကြည့်လိုက်တယ်
Lisa > ဘာလဲ ဘာကြည့်တာလဲ
Chaeyoung > oppaက night duty ကျတာရော ဟုတ်ရဲ့လား
Lisa > ဟုတ်တယ်လေ ဘာဖြစ်လို့လဲ
Chaeyoung > အစ်ကို့ ရုပ်က အိပ်ရေးပျက်နေတဲ့ရုပ်လဲမဟုတ်ဘူး
Lisa မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး chaeကျေနပ်စေလောက်တဲ့ အဖြေကိုစဉ်းစားနေတုန်း
" အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ မဝင်လာသေးဘူးလား "
Lisa > လာပြီး appa
( မလေး ဖေဖေကြီးကယ်လို့သာ ပေါ့)အိမ်ထဲကို လစ်ကနဲဝင်သွားတာကြောင့် Chaeyoung လည်း ဆက်မမေးသာတော့ပေ။
Jennie လည်း ရေမိုးချိုး အဝတ်အစားလဲပြီး မှန်ရှေ့ရောက်တော့ ညကအဖြစ်အပျက်တွေ သူမခေါင်းထဲကို တိုးလျှိုပြီးဝင်လာခဲ့တယ်။ သူမနဖူးကို Lisaနမ်းလိုက်တုန်းက နိုးနေပေမဲ့လည်း အိပ်ပျော်ချင်ယောင်ဆောင်ပေးခဲ့တယ်။
"နေပါအုံး Lisa လည်း ငါ့ကိုချစ်နေတာလား 😱 ၊ တကယ်သာဆိုရင် သေပျော်ပြီ ဟီးဟီ.."
(သူဘယ်ကတည်းက Lisa ကိုချစ်နေခဲ့ပါလိမ့်)
YOU ARE READING
စီနီယာ မမ {Jenlisa}[Complete]
FanfictionFbကနေတွေ့လို့တင်ပေးတာပါ မူရင်း သာသာအား Crdပေးပါတယ်🙏🙏🙏