အပိုင်း ၁၁

897 58 0
                                    

အပိုင်း(၁၁)

တက္ကသိုလ် လက်ရွေးစင်အပြေးပြိုင်ပွဲတစ်ခုတွင်

Chaeyoung တစ်ယောက် အနိုင်ရရန် အားခဲလျက်

ပြိုင်ဘက်များကို ကျော်လွန်ပြီး ထိပ်ဆုံးကပြေးနေသည်။ ပရိသတ်အများစုကလည်း သူအနိုင်ရလိမ်မယ်လို့ တစ်ထစ်ချတွေးထားကြတယ်။  ကံဆိုးချင်တော့ ပန်းဝင်ဖို့ မီတာ၂၀လောက် အလိုမှာ ထင်မှတ်မထားတဲ့ အက်ဆီးဒင့် ကြီးတစ်ခုနဲ့ Chaeyoung ကြုံခဲ့ရတယ် ။  ဖြစ်ပုံကတော့ အရှိန်အဟုန်နဲ့ပြေးနေရင်း ခြေထောက်ချင်းယှက်မိပြီး မှောက်လဲသွားတာပါ ။

ပြန်ထဖို့ကြိုးစားသော်လည်း  ဒဏ်ရာတွေကြောင့် ထပ်မံလဲသွားပြီး အခြားသူများ အလျှိုလျှိုပန်းဝင်သွားတဲ့ မြင်ကွင်းကိုသာ ကြေကွဲဖွယ်ကြည့်နေရင်း ပါးထက်တွင်မျက်ရည်များ ဒလဟောစီးကျလာလေသည်။  Chae အနေနဲ့ ပထမဆုံး ရှုံးတဲ့ပွဲ ဖြစ်လို့ ယူကြုံးမရတြွေဖစ် ။ ဒဏ်ရာတွေနဲ့ မို့ ဆေးရုံတင်ထားရတယ်။

Jisoo > စိတ်လျှော့ပါ ညီမလေးရာ ပြိုင်ပွဲဆိုတာက နိုင်တလှည့်ရှုံးတလှည့်ပေါ့ 

Chaeyoung > Nae

Jisoo > ဒီကိစ္စကို Lisaသိပြီးလား

Chaeyoung > မသိသေးဘူး။  သူ့ကို သွားမပြောနဲ့နော် ။ ဒဏ်ရာက သိပ်မဆိုးပါဘူး ။ အလကားသက်သက် စိတ်ပူနေမှာစိုးလို့ပါ်။

Jisoo >  ဒဏ်ရာကမဆိုးဘူးလို့ ဘယ်သူပြောလဲ ။
Jisooလည်း ဖုန်းကိုထုတ်ပြီး Lisaထံ လှမ်းဆက်မယ်လုပ်တော့

Chaeyoung >  မဖြစ်ဘူး မဆက်နဲ့

Jisoo > ဆက်မှာပဲ

Chaeyoung လည်း ဆက်မငြင်းဘဲ jisooလက်ထဲက ဖုန်းကို ဆတ်ကနဲလုယူလိုက်ပြီး power ပိတ်ဖို့လုပ်တော့
wallpaper မှ သူမပုံကိုမြင်၍ ငြိမ်ကျသွားသည်။
Jisoo လည်း သတိယသွားပြီး သူ့ဖုန်းကိုပြန်လု၍ အိပ်ကပ်ထဲထည့်ထားလိုက်တယ်။

ဆွံ့အ နေဆဲဖြစ်တဲ့ chae ရုပ်ကလေးကိုကြည့်ပြီး jisooလည်း ဖွင့်ပြောဖို့ ကြိုးစားလိုက်တယ်။

Jisoo > တကယ်တော့ အစ်ကို ညီမလေးကိုချစ်နေတာကြာပါပြီ ။ မသင့်တော်ဘူးထင်လို့
စကားဆုံးအောင်တောင် မစောင့်နိုင်တော့ပဲ chae က jisooကို ဖက်လိုက်တယ်။ 

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now