အပိုင်း (၃) Uni

1.5K 98 0
                                    

အပိုင်း(၃)

ည(၈)နာရီကျော်လောက်မှ Jennieအိမ်ကိုပြန်လာသည်။

Step mom > သမီးဘာလို့ အခုချိန်မြှပန်လာတာလဲ

မိထွေးဖြစ်သူမှ စိုးရိမ်တကြီးမေးနေသော်လည်း

မိထွေးရဲ့စကားသံကို အဆိပ်အတောက်တွေလို ခံစားနေရ

တဲ့ Jennieအတွက် လုံးဝနစ်လိုဖွယ်မရှိပေ။

သူမအတွက် အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတယ်။

ဒါကြောင့် ဘာမြှပန်မပြောဘဲ အပေါ်ထပ်သို့သာ

လှမ်းတက်ခဲ့တော့သည်။

Jennie  ငယ်ငယ်လေးတုန်းကတော့ အရမ်းကိုဖော်ရွေပြီးချစ်စရာကောင်းတဲ့ ကောင်မလေးပါ ။ ကံကြမ္မာရဲ့ကြည်စားမှူကြောင့် တစ်နေ့မှာ သူမသိပ်ကိုခင်တွယ်တဲ့ မိခင်ကြီးဟာ သွေးကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ် ။ ပြောမပြတတ်အောင် စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့သော်လည်း ဖခင်ကြီးကပါ နောက်အိမ်ထောင်ပြုခဲ့တာကြောင့် အနာပေါ်ဒုတ်ကျသလိုဖြစ်ပြီး အတောင်ပံကျိုးသွားတဲ့ ငှက်ငယ်လေးပမာ ဖြစ်နေခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး Jennieရဲ့ မျက်နှာမှာ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ သေဆုံးသွားတာ ယနေ့အချိန်ထိပေါ့။

Jennie ရဲ့အဖေကလည်း ကုမ္ပဏီကိစ္စ၊ အလုပ်ကိစ္စကိုသာခေါင်းထဲထားခဲ့တယ်။ တစိုက်မတ်မတ်အလုပ်ကြိုးစားတယ်။ပိုက်ဆံတွေအများကြီးရှာတယ် ။သမီးလေးကို လိုလေသေးမရှိအောင်ထားပေးတယ်။ ဒါပေမဲ့လို့ သမီးလေးအမှန်တကယ်လိုအပ်နေတဲ့ မေတ္တာတရားကိုတော့ သူပေးဖို့မေ့နေခဲ့တယ်ထင်ပါရဲ့။

At school,

Jisoo >Lisa ရေ ဟိုဘဲပစ်မအကြောင်းတွေ ငါသိလာပြီ

Lisa > တော်ပြီ ငါစိတ်မဝင်စားဘူး

Jisoo > ပြီးတာပဲ ငါ့မှာတော့ အောက်ကျခံပြီးစုံစမ်းလိုက်ရတာ ဒါနဲ့ သူကအတော်လေးချောတာနော်

Lisa > နားငြီးလိုက်တာ

Jisoo > သူ့ ရဲ့Facebook accက
Jennierubyjane ဆိုလားပဲ

Lisa >အဲ့တော့ ငါကဘာလုပ်ရမှာလဲ

(စိတ်မဝင်စားဘူးဆိုပေမဲ့ အကောင့်နာမည်လေးတော့ သေချာမှတ်မိနေတယ်)

Jisoo > ဒါဆို ငါသွားပြီး ဆရာခေါ်နေလို့

Jisoo ထွက်သွားသည်နင့် ဖုန်းကိုအမြန်ထုတ် search barမှာ Jennierubyjane ဆိုပြီး ရိုက်ရှာတော့တာပဲ။
အဲ့နာမည်နဲ့ အကောင့်တွေကများလိုက်တာ ဘယ်ဟာကြီးပါလိမ့်။ ရှာရင်းရှာရင်းနဲ့ ချွေးတွေတောင်ပျံလာပြီ။

"Lisa နင်ဘာလို့ ဖုန်းကို သဲကြီးမဲကြီးကြည့်နေတာလဲ" ထွက်သွားတဲ့ jisooတောင် ပြန်ရောက်လာပြီ။

ကပျာကသီဖုန်းကိုပိတ်ပြီး "ဘာမှမဟုပ်ါဘူး"လို့ ငြင်းဖို့သာ Lisaတတ်နိုင်တော့တယ်။

Jisoo >မဟုတ်မှလွဲရော နင်သူ့အကောင့်ကိုရှာနေတာမဟုတ်လာ

Lisa > ဘယ်သူ့အကောင့်လဲ

Jisoo >jennierubyjaneလေ

ထိုချိန်အခန်းရှေ့ ဝရံတာမြှဖတ်လျှောက်သွားသော Jennie သူမနာမည်ကြား၍ လှည့်ကြည့်လာသည်။ ဒါကို jisooက မသိဘဲ သူ့အကြောင်းတွေ အတင်းတုတ်နေတာပေါ့

Lisa ကတားသော်လည်းတားမရ၍  Jennieကိုသာ မျက်နှာပူပူနဲ့ ကြည့်နေရတော့သည်။

Next in.......

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now