အပိုင်း (၁၅) (ဇာတ်သိမ်းပိုင်း)
ညနေမှောင်ရီပျိုးချိန်တွင် Lisaတစ်ယောက် musicသံ သဲ့သဲ့လေးဖွင့်ပြီးကားမောင်းပြန်လာသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ အိမ်ပြန်လမ်းမှာ Jennie ကားပျက်သွားတယ်။စက်နှိုးလို့မရတော့တာနဲ့ Jennieလည်း အောက်ကိုဆင်းပြီး တက္ကစီစောင့်နေတာပေါ့။ ခဏတွင်းချင်းမှာပဲ ကျွီး......ဆိုပြီး ကားတစ်စီး သူမရှေ့ကို ထိုးရပ်လာတာကြောင့် ကားထဲကလူကို ဝှေ့ကြည့်လိုက်ရာ lisaကိုမြင်တော့အံ့သြသွားတာပေါ့။
Lisa > ကားပေါ်တက်
Jennieလည်းနှစ်ခါမစဉ်းစားတော့ဘဲ Lisaရဲ့ကားထဲသို့ရောက်သွားသည်။ ကားထဲတွင် Lisaက ခါတိုင်းလို စကားမများဘဲ ကားကိုသာ ဂရုစိုက်ပြီးမောင်းနေတာမို့
Jennieစိတ်ထဲတွင် ခြောက်ခြားလျက် ပတ်ဝန်းကျင်ကို သေချာကြည့်တော့မှ သူမအိမ်သို့သွားတဲ့လမ်းမဟုတ်ပေ။Jennie > Lisa shi ဘယ်သွားနေတာလဲ
Lisa > ရောက်တော့ သိမှာပေါ့
"ရောက်တော့သိမှာပေါ့တဲ့ အဲ့စကားကြောင့် Jennieလည်း Lisaမျက်နှာကိုကြည့်လိုက်၊ ပတ်ဝန်ကျင်ကိုကြည့်လိုက်နဲ့ ဘာမေးခွန်မှထပ်မမေးတော့ဘဲ တိတ်ဆိတ်လျက် လိုက်ပါလာသည်။
အခြားမြို့တစ်မြို့ရဲ့ လမ်းကြားထဲရောက်တော့ Lisaကားကို ရပ်လိုက်တယ်။
Jennie > ဘာလို့ရပ်လိုက်တာလဲ
Lisa > ဒီကနေ လမ်းလျှောက်သွားရမှာမလို့
Jennie > ဘာ ($#$¥#%€&&±€)
Lisa > စကားမများနဲ့ နောက်ကျတော့မယ်
ပြောပြောဆိုဆို Jennieလက်ကိုဆွဲပြီး လမ်းကြားထဲကွေ့ကောက်လျက် သူလိုရာသို့သွားနေသည်။ jennieလည်း ဘုမသိဘမသိနဲ့ Lisaခေါ်ရာ လှမ်းခဲ့လိုက်တယ်။ ဘာလို့လဲဆိုတော့ Lisa ကိုသိပ်ချစ်လို့ပဲ။ မောင်ခေါ်ရာ ကမ္ဘာမြေအဆုံးထိလိုက်ခဲ့မယ့် မမပါပဲ။
နာရီဝက်လောက်လမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ ဘယ်ကလာလို့လာမှန်မသိတဲ့ သီးချင်းသံတွေကြားရစပြုနေပြီ။
Jennie > ဒီလိုညမျိုးမှာဘယ်ကသီးချင်သံလဲ
YOU ARE READING
စီနီယာ မမ {Jenlisa}[Complete]
FanfictionFbကနေတွေ့လို့တင်ပေးတာပါ မူရင်း သာသာအား Crdပေးပါတယ်🙏🙏🙏