အပိုင်း(၅)
သူ့နောက်ကို လူတွေလိုက်လာတာသိတော့ Jennieလည်း သူ့ဘဲကို လမ်းထိပ်ကဆိုင်ကို အကင်သွားဝယ်ဖို့ လွှတ်လိုက်တယ် ။ သူက ပန်းခြံမှာပဲ စောင့်နေမယ်ပေါ့ ။ အူကြောင်ကြောင်သူ့ဘဲကြီး ထွက်သွားပြီးတော့မှ
"နင်တို့ ငါ့နောက်လိုက်နေတာငါသိတယ်" ဆိုပြီး စူးရှမျက်ဝန်းတစ်စုံ က သစ်ပင်ကြီးနောက်တွင် ပုန်းနေသော Lisaတို့ထံရောက်လာတာပေါ့။
Lisa > သူသိသွားပြီ ငါတို့သွားတွေ့ရအောင်
ဘာမြှပန်မပြောတာကြောင့် Lisaနောက်ကို လှည့်ကြည့်လိုက်ရာ လခွမ်းတဲ့မှ jisooမရှိတော့ဘူး ။ ငါတော့ သေပါပြီဟယ်။
Jennie >ဘာတွေပြောနေတာလဲ ငါကနင့်ကို ကိုက်မစားပါဘူး
Jennieက ဒီလိုဆိုတော့မှ Lisaလည်းအရဲစွန့်ပြီး သူမရှေ့မှာ နေရာယူလိုက်တယ်။ ဒူတွေပေါင်တွေတော့ တုန်လျက်
Lisa > ဟို...... ဟိုလေ တကယ်တော့ အစ်မကိုတောင်းပန်ဖို့ လိုက်လာတာပါ
Jennie > ဘာအတွက်လဲ
(မနေ့က ကိစ္စသူမေ့သွားပြီလား )
Lisa > မနေ့က ကျွန်တော့်သူငယ်ချင်းနဲ့ အတင်းတုတ်တဲ့ ကိစ္စပါ တကယ်တောင်းပန်ပါတယ်
Jennie > ငါ့ကို လူတွေအများကြီးက အတင်းတုတ်ကြတာပဲ နင်တို့အမှားမဟုတ်ပါဘူး
Lisa > ဗျာ ဒါပေမဲ့ တကယ်တောင်းပန်ပါတယ်
Jennie > ရပါတယ်ကွယ် ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ
Lisa > Lalisaပါခဗျ first year ကပါ
Jennie > အစ်မက Jennie kimပါ third year က
Lisa > ဒါဆိုရင် ကျနော်တို့ သူငယ်ချင်းဖြစ်သွားပြီပေါ့နော်Jennie > ဆိုပါတော့ နောက်လမ်းမှာတွေရင်ခေါ်လို့ရတယ်နော်
Lisa > Nae ခေါ်ပါ့မယ်
သူတို့နှစ်ယောက် စကားလက်ဆုံကျနေစဉ် အကင်ဝယ်သွားသော သူ့ဘဲကြီးပြန်ရောက်လာပြီး " ချစ် သူကဘယ်သူလဲ "
Jennie > ချစ်ရဲ့ သူငယ်ချင်းပါ
ဘဲကြီး > သေချာရဲ့လား သူငယ်ချင်းဆိုတာ
မသင်္ကာတဲ့ မျက်လုံးတွေနဲ့မေးနေတာကြောင့် Jennie ကို စော်ကားရကောင်းလားဆိုပြီးတော့ Lisaဒေါသထွက်သွားတာတော့ အသေအချာပဲပေါ့ ။
Jennie > သေချာပါတယ် ကိုယ်ကလဲ
ဘဲကြီး > ပြီးတာပဲ လာသွားမယ် Jennieလက်ကလေးကိုဆွဲကာ
"ပြီးတော့မင်း Jennie နဲ့ဝေးဝေးနေ" လက်ညိုးတထိုးထိုးနဲ့ပြောနေတာကြောင့် Lisa လည်း ဆွံ့အပြီးကြည့်နေခဲ့တယ်။ ရင်ဘတ်တွေလည်းနာလို့။
ပြဿနာကြီးသွားမည်ကို စိုးရိမ်၍ Jennieဘာမှ ဝင်မပြောခဲ့ပေ။
Jennie တို့ထွက်သွားပြီးတော့မှ ဘယ်ကထွက်လာလို့ထွက်လာမှန်းမသိတဲ့ jisoo ကlisaရှေ့တွင် ပိတ်လျက်နေရာယူထားသည်။
Jisoo > အခြေအနေဘယ်လိုလဲ မျက်နှာလည်းမကောင်းပါလား၊ အဆင်မပြေခဲ့ဘူးလာ
Lisa > ပြေပါတယ် ဒါနဲ့ ခုနကဘယ်သွားတာလဲ
Jisoo > အဲ့တာက ငါအပေါ့အရမ်းသွားချင်နေလို့ မင်းကိုမပြောပဲထွက်သွားမိတာပါ
Lisa > ဟွန်း ....ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်တွေ
Jisoo > တကယ်ပါ ငါတကယ်ပြောတာ
Lisa > သွားရအောင်
Jisooပုခုံးကို လှမ်းဖက်ပြီး စာသင်ခန်းများဆီသို့
YOU ARE READING
စီနီယာ မမ {Jenlisa}[Complete]
FanficFbကနေတွေ့လို့တင်ပေးတာပါ မူရင်း သာသာအား Crdပေးပါတယ်🙏🙏🙏