Warning : Introduction

1.6K 67 0
                                    

Includes some stories of child abuse and cruelty. If you don't like, you can skip it.

I have warned you. If you are going to blame me later, think about it first.

It's a *sad(bad) * story from start to finish.

Thanks for reading.

[ ONLY UNICODE ]
--------------------------

"ဘာလို့လဲ "

မယုံကြည်နိုင်တဲ့မျက်ဝန်းနီများဖြင့်ရိပေါ် ထိုသူအား စိုက်ကြည့်ရင်းမေးလိုက်သည်။

"ကျွန်တော်ခင်ဗျားကိုချစ်တယ် ဘာလို့ကျွန်တော့်ကိုပြန်မချစ်နိုင်ရတာလဲ မဟုတ်ဘူးဘာလို့ကျွန်တော့်မှာချစ်ခွင့်မရှိရတာလဲ !!"

ခံပြင်းလွန်းသည့်ဒေါသနဲ့ကြေမွနေတဲ့နှလုံးသားတို့ကြောင့် ဘယ်ဘက်မျက်ဝန်းမှမျက်ရည်များကအလုအယက်ကျဆင်းလာတော့သည်။

"ဘာကြောင့်လဲ "

ရိပေါ်ရှေ့မှထိုသူကတော့အမူအရာပျက်ယွင်းခြင်းမရှိသလို ရှေ့ဆက်သွားနေသည့်ခြေလှမ်းများကလည်းရပ်တန့်ခြင်းမရှိပေ။

နောက်ကျောထံမှကျယ်လောင်သောအမေးစကားကြောင့် နောက်လှည့်ကာဖြင့်။

"ငါကမင်းကိုမချစ်လို့ပဲ "

" ဘာလို့လဲ ဘာလို့လဲ ခင်ဗျားကိုမျှော်ကိုးပြီးအသက်ရှင်သန်လာခဲ့ရတာလေ "

ရူးသွပ်လုမတတ်ဖြစ်ကာ ရိပေါ်ရဲ့မျက်ဝန်းအိမ်မှာသွေးမျက်ရည်ကျလုမတတ်နီရဲလာတော့သည်။

ထိုသူမှာ ရိပေါ်အားစိတ်မောစွာကြည့်လို့သက်ပြင်းချလိုက်ပြီး အေးဆေးသောအသံဖြင့်။

" မင်းကိုသနားလို့ကူညီပေးခဲ့ရုံပဲ ငါ့ဘက်ကပြောစရာစကားမရှိတော့ဘူး"

ထိုသူရဲ့မျက်နှာထက်မြင်နေရသည့်အမူအရာကြောင့်ရိပေါ်နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိသွားလေသည်။

ထိုသူရဲ့မျက်နှာထက်ရေးထွင်းထားသည့်စကားများကား ။

"ငါကမင်းကိုဘာကြောင့်ချစ်ပေးရမှာလဲ ဘာအတွက်လဲ... "

Wrong Person , Right Time ( 我爱你 ) [ YIZHAN ]Where stories live. Discover now