ရိပေါ်ကို ယဲ့မေဟွားကဘယ်တုန်းကမှ
မလိုချင်ခဲ့ဘူး။ ရိပေါ်ဆိုတာ သူအတွက်တော့ ဒီတိုင်းသူကိုဒုက္ခပေးမဲ့လူတစ်ယောက်ပဲ။သူသိပ်မုန်းတဲ့ လူကနေဖြစ်တည်လာတဲ့သွေးသား သူကတော့မုန်းလွန်းလို့ရူးမတတ်ပဲ။
ကိုယ်ဝန်ရှိနေပြီဆိုပြီး ဆရာဝန်ကသူကိုပြုံးပြီး ပြောလာတဲ့အချိန်တုန်းကဆို
သူအဲ့ဆရာဝန်ရဲ့မျက်နှာကို အက်စစ်နဲ့ပက်ဖို့တောင်တွေးမိသေးသည်။ပြီးတော့ အဲ့အချိန်မှာပဲ သူကို ပြုံးပြီးကြည့်နေခဲ့တဲ့ ဝမ်ရှောင်အန်းရဲ့ပျော်ရွှင်မှုတွေက သူ့တစ်ကိုယ်လုံးကိုတတိတိိုက်စားလာတဲ့အက်စစ်ရည်တွေလိုပဲ။
သူကတော့ သေသွားချင်လောက်တဲ့အထိ
စိတ်ညစ်နေရတာကို ဝမ်ရှောင်အန်းကတော့ပျော်လွန်းလို့ဆိုပြီး မျက်ရည်တွေပါစီးကျနေလေရဲ့။သူနဲ့ရှောင်အန်းရဲ့ကြားထဲမှာ ချည်နှောင်ပေးတော့မဲ့ကြိုးလေးရောက်လာပြီဆိုပြီး
ပြောရင်းအစွမ်းကုန်ကျေနပ်နေတော့တာ။ဘာကြိုးလဲ ! သူကိုတစ်သက်လုံးဒီနွံထဲကနေဘယ်တော့မှ ရုန်းမထွက်နိုင်တော့အောင် ၊ အသက်ရှုကြပ်ပြီး ဒီနွံထဲမှာတင်
တဖြည်းဖြည်းနစ်မွန်းရင်း သေဆုံးသွားအောင် ရစ်ပတ်မဲ့ နွယ်ကြိုးတွေကိုများ။သူကတော့ သူခန္ဒာကိုယ်ထဲကထိုအရာလေးကို
ဘယ်လိုဖျက်စီးပစ်ရမလဲဆိုတာအပြင်ပိုမတွေးဘူး။သူကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဝမ်ရှောင်အန်းက
သူလုပ်ချင်တာမှန်သမျှ အကုန်လုံးကိုလိုက်လျောတော့သည်။ဆေးလိပ်တွေသောက်ဖို့ကလွဲရင်ပေါ့။
ကျန်းမာရေးထိခိုက်မှာစိုးလို့ဆိုတဲ့
အကြောင်းပြချက်လှလှလေးတွေတောင်ပေးသေးတယ်။အင်း ဗိုက်ထဲကလူကထွက်မလာသေးပေမဲ့ သူရဲ့ဆေးလိပ်ကိုင်နေကျလက်တွေက တော့တားမြစ်ခံလိုက်ရပြန်ပြီ။
သူမက ဘာကို ဂရုစိုက်ရမှာလဲ ? ကျန်းမာရေး ဟုတ်လား ? လူကိုရောစိတ်ကိုပါအဆုံးစွန်ထိသေစေခဲ့ပြီးမှ
ဘာမဟုတ်တဲ့ ကျန်းမာရေးထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကသူ့အတွက်တော့ရယ်စရာတစ်ခုသာသာပဲ။
KAMU SEDANG MEMBACA
Wrong Person , Right Time ( 我爱你 ) [ YIZHAN ]
Fiksi Penggemar" 战哥 ,我爱你 。" First Collaboration With @whos_yongji. Warning : Includes some stories of child abuse and cruelty. If you don't like, you can skip. Don't Blame Me or Her(whos_yongji).