Chapter - 4

361 33 2
                                    

တဖြည်းဖြည်းနဲ့ကြီးပြင်းလာသည့်ကလေးငယ်အား  ယဲ့မေဟွားအဖက်မလုပ်ပေ။ သူမနှင့်ဝမ်ရှောင်အန်းတို့ရဲ့ ဆက်ဆံရေးမှာလည်းတစ်နေ့တခြား ဆုတ်ယုတ်လာခဲ့သည်။

တစ်နေ့ယဲ့မေဟွားပြတင်းပေါက်နားတွင်လက်ထောက်ကာ  ဆေးလိပ်သောက်နေရင်း ခြေထောက်နားသို့ရောက်လာသည့် အရိပ်သေးသေးလေးကြောင့်ငုံ့ကြည့်လိုက်တော့ သေးငယ်ကာချစ်ဖို့ကောင်းသည့်ကလေးငယ်ဖြစ်နေလေသည်။

သူမအတွက်တော့ထိုကလေးငယ်က နည်းနည်းလေးမှချစ်ဖို့ကောင်းမနေ။

" မေမေ "

သွားညီညီလေးတွေရှိနေသည့် နှုတ်ခမ်းလေးမှထွက်ကျလာသည့် စကားက " မေမေ " ဆိုသည့်စကားလုံးဖြစ်သည်။

လက်ဖြူဖြူသေးသေးလေးတွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ စိတ်လှုပ်ရှားနေပုံပေါ်သည်။

ပြန်စကားမရှိသလို ၊ ထူးလည်းမထူးခဲ့သည့်ယဲ့မေဟွားမှာ အကြံတစ်ခုရသွားပုံပေါ်ကာ လက်ထဲမှဆေးလိပ်အားခပ်ပြင်းပြင်းရှိုက်လို့ အငွေ့တွေအားကလေးထံသို့မှုတ်ထုတ်လိုက်လေသည်။

ထိုကလေးငယ်မှာအသက်ရှုမဝဖြစ်နေသည့်တိုင် မကျေနပ်သည့်အကြောင်းတစ်ခွန်းမှမဟပဲ ၊ လက်သေးသေးလေးဖြင့်အငွေ့တွေပျောက်အောင် ယပ်ခတ်တဲ့ပုံစံလုပ်နေကာ  ပြတင်းပေါက်တွေလည်းလိုက်ဖွင့်နေလေသည်။

" မေမေ ဆေးလိပ်ငွေ့တွေက မေမေ့အတွက်မကောင်းဘူး အဟွတ် အဟွတ်"

ကိုယ်တိုင်ကချောင်းဆိုးနေပါသည့်တိုင် အမေဖြစ်သူကိုစိုးရိမ်နေရှာလေသည်။

ယဲ့မေဟွားရဲ့မျက်ဝန်းတွေမှာရီဝေသွားပြီး ကလေးငယ်ထံသို့မကြည့်တော့သလို ၊ ဆေးလိပ်ငွေ့တွေလည်းမထုတ်လွှတ်တော့ပေ။

" နင်တို့သားအဖကဘယ်တော့မှအမှတ်မရှိဘူး "

" မေမေ ဘာပြောတာလဲ "

ဘေးနားထိုင်ကာအမေဖြစ်သူအားကြည့်နေကာ မေးခွန်းထုတ်နေသည့်ကလေးငယ်အား ပြန်မဖြေခဲ့။

ဒီနေ့တွင်တော့ ယဲ့မေဟွားအပြင်ထွက်ဖို့ ကိုယ့်ကိုယ်ကိုပြင်ဆင်နေလေသည်။ 
လက်ထပ်ပြီးကတည်းကအပြင်သို့မထွက်ခဲ့သည်မှာ ထိုကလေးသုံးနှစ်ပြည့်တဲ့အထိပင်။

Wrong Person , Right Time ( 我爱你 ) [ YIZHAN ]Where stories live. Discover now