Chapter - 7

224 22 1
                                    

ဆေးရုံမှာတစ်ရက်မျှနေပြီး သားအဖနှစ်ယောက်အိမ်သို့ပြန်လာခဲ့ကြသည်။ အိပ်ဆေးပါတာကြောင့် ဆေးသောက်ပြီးအိပ်ပျော်သွားတဲ့သားငယ်လေးအား အိပ်ရာထက်သေချာချပေးလိုက်သည်။

အိမ်ထဲဝင်ဝင်ချင်း ယဲ့မေဟွားကိုမြင်ရမယ်ထင်ခဲ့ပေမဲ့ အမြင်နဲ့လွဲစွာ​ခြောက်ကပ်နေသောအိမ်ကနေသာ ကြိုဆိုနေခဲ့သည်။

အိမ်ရှင်မ မရှိသည့်အိမ်ကအလွန်ကိုရှုပ်ပွနေခဲ့သည်။ ယဲ့မေဟွားကိုလိုက်ရှာမည့်အတွေးကို ခဏမေ့ထားပြီး အိမ်သန့်ရှင်းရေးစလုပ်တော့သည်။ သားဖြစ်သူနိုးလာရင်စားဖို့အတွက် ပြင်ဆင်ဖို့စျေးဝယ်ထွက်ရသေးသည်။

ယောကျာ်းသားတစ်ယောက်ဖြစ်သည့်အတွက် အဝယ်အခြမ်းနဲ့အချက်အပြုတ်မှာ မိန်းမများလောက်မကျွမ်းကျင်ခဲ့ပေ။

သားဖြစ်သူနိုးလာသည့်အခါ အမေဖြစ်သူကိုမေးနေရှာလေသည်။

" မေမေရော ၊ ဖေဖေ မေမေဘယ်သွားလဲ"

အဖေကိုယ်တိုင်လည်းမသိဘူးလို့ပြောရင် သားစိတ်ထိခိုက်သွားမလား ?

သားဖြစ်သူရဲ့ခေါင်းလုံးလုံးလေးကိုဆွဲဖွပေးလိုက်ပြီး။

" သားမေမေက ဖိုးဖိုးတို့ဆီ သွားတာပြန်မရောက်သေးဘူး။ သားနေကောင်းမှပြန်လာမယ်တဲ့။ အဲ့တော့ဆေးသောက်ပြီးနေကောင်းအောင် အရင်လုပ်ရမယ်။"

ဖခင်ရဲ့စကားကိုခေါင်းသေးသေးလေးဖြင့်တွေးတောနေပြီး မျက်ဝန်းအိမ်ခပ်ကြီးကြီးလေးဖြင့်ခေါင်းညိတ်ပြသည်။

" သား နေကောင်းတော့မှာ ၊ မေမေနဲ့တွေ့ဖို့နေကောင်းတော့မှာ"

" ဟုတ်ပါပြီ "

တစ်ပွေ့စာပဲရှိတဲ့ကလေးတစ်ယောက်ကိုပွေ့ဖက်ရင်း ဝမ်ရှောင်အန်းခမျာမချိတင်ကဲသည့်အပြုံးဖြင့် ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေရသည်။

'မေဟွား ကိုယ်တို့သားအဖကိုထားပစ်ပြီး ထွက်သွားတာတော့မဟုတ်လောက်ပါဘူး။'

နှစ်ရက်ကြာပြီးတဲ့နောက် ယဲ့မေဟွားအိမ်သို့ပြန်ရောက်လာခဲ့သည်။
နားရက်ပြည့်သွားပြီဖြစ်တဲ့ဝမ်ရှောင်အန်းမှာ သားဖြစ်သူကိုအိမ်တွင်တစ်ယောက်တည်းထားရစ်ခဲ့ဖို့ အကျပ်တွေ့နေချိန်ဖြစ်သည်။

Wrong Person , Right Time ( 我爱你 ) [ YIZHAN ]Donde viven las historias. Descúbrelo ahora