ရိပေါ်ငါးနှစ်အရွယ်။
ယဲ့မေဟွားမှာဆေးလိပ်တင်မက အရက်ပါစွဲသွားတော့သည်။
ဝမ်ရှောင်အန်းမှာလည်း အလုပ်မအားတာကြောင့် သားဖြစ်သူနဲ့မိန်းမဖြစ်သူအနားအမြဲမနေနိုင်ဘဲ အချိန်ပိုင်းလောက်သာနေနိုင်လေသည်။သားဖြစ်သူကိုမူကြိုကျောင်းသို့ပို့ထားသည့်အချိန်မှလွဲ ကျန်သည့်အချိန်အများစုမှာ ယဲ့မေဟွားရှိသည့်အိမ်တွင်ဖြစ်သည်။
မိခင်ဖြစ်သူကသူ့ကိုမချစ်ဘူးဆိုတာသိထားသည့်တိုင် အနားမှမခွာနိုင်သည့်ရိပေါ်မှာတော့ မိခင်အားကျောင်းတွင်လုပ်သမျှအရာအားလုံးကို
ပြန်ပြောပြနေတတ်သည်။ဗီရိုထဲတွင်လည်းအချိန်ကြာမြင့်စွာနေတတ်လာခဲ့သည်။ စိတ်ဒဏ်ရာရလို့ရမှန်းမသိဖြစ်လာခဲ့ပြီး မိခင်ဖြစ်သူကိုသာခင်တွယ်နေခဲ့သည်။
တစ်နေ့မူကြိုကျောင်းမှပြန်ရောက်လာသည့်အခါတွင် အဖေကအမေကိုချီပြီးပြေးထွက်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံးစီးကျနေတဲ့သွေးတွေကြောင့် ဘာမှမစဥ်းစားနိုင်ဘဲ ခြေတံတိုတိုလေးဖြင့်နောက်ကနေပြေးလိုက်ခဲ့သည်။
" လူနာကစိတ်ကျရောဂါရနေတာ အတတ်နိုင်ဆုံးသူ့ကိုပျော်အောင်ထားပေးပါ။"
ဒေါက်တာရဲ့စကားကိုကြားတော့ ဖေဖေကခေါင်းငြိမ့်တယ်။ ဖေဖေကိုမေးချင်တာစိတ်ကျရောဂါကဘာလဲလို့။ ဒါပေမဲ့ဖေဖေကအသံမထွက်ဘဲငိုနေခဲ့တယ်။
သူနာပြုဆရာမလေးကပွန်းပဲ့နေတဲ့ခြေထောက်တွေကို ဆေးထည့်ပေးပြီး မေမေ့ဘေးနားကိုခေါ်သွားခဲ့သည်။
အိပ်ပျော်နေတဲ့အခါမေမေ့ရဲ့မျက်နှာလေးက နတ်သမီးပုံပြင်ထဲကမင်းသမီးလေးတွေလိုပဲ အရမ်းလှတယ်။
မေမေနိုးလာရင်တော့
နတ်သမီးပုံပြင်ထဲကစုန်းမကြီးလိုဖြစ်သွားရော ဒါပေမဲ့မေမေကသားရဲ့မေမေပဲ။ မေမေကဘယ်လိုပုံစံပဲဖြစ်ဖြစ်သားကချစ်နေမှာ။အမေဖြစ်သူရဲ့ဆံပင်ရှည်တွေကို လက်လေးဖြင့်ဆုပ်ကိုင်လို့ မျက်လုံးတွေမှိတ်ချလိုက်တော့သည်။
အမေဖြစ်သူနားအိပ်ပျော်သွားတဲ့သားဖြစ်သူကို ဝမ်ရှောင်အန်းစောင်ခြုံပေးလိုက်သည်။
CZYTASZ
Wrong Person , Right Time ( 我爱你 ) [ YIZHAN ]
Fanfiction" 战哥 ,我爱你 。" First Collaboration With @whos_yongji. Warning : Includes some stories of child abuse and cruelty. If you don't like, you can skip. Don't Blame Me or Her(whos_yongji).