Chapter - 1

871 51 5
                                    

သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးနေ့တစ်နေ့တွင် ဆေးရုံအခန်းတစ်ခန်းထဲရှိ အမျိုးသမီးတစ်ဦးရဲ့နာကျည်းသောအော်ဟစ်သံများပြည့်နှက်လျက်ရှိနေသည်။

ကလေးမွေးချိန်တွင်မိခင်မှာနာကျင်ရသည်မှာထုံးစံလိုဖြစ်သော်လည်း ထိုအမျိုးသမီးကတော့ပိုလို့နာကျင်နေဟန်။

'ဒီသွေးသား ၊ ဒီကလေးကို သူမဘယ်တုန်းကမလိုချင်ခဲ့ဘူး !'

သူမအသွေးအသားမှာဖြစ်တည်နေပြီဆိုတည်းက မဖွံ့ဖြိုးသေးသည့်ဗိုက်ထဲက ကလေးငယ်ကိုအမျိုးမျိုးကျိန်ဆဲနေခဲ့သည်။

ပျက်ကျသွားအောင်လည်းအကြိမ်ကြိမ်ကြံစည်ပေမဲ့ သူသိပ်မုန်းရပါတဲ့အမျိုးသားက အကြိမ်တိုင်းသူမကိုတားဆီးနိုင်ခဲ့သည်။

" မုန်းတယ် ! သူ့ဗိုက်ထဲကဘာမှန်းမသိတဲ့ကလေးကိုရော ၊ သူ့ဘဝတစ်ခုလုံးကိုစုတ်ပြတ်သတ်အောင်လုပ်ပြီး ချည်နှောင်ထားတဲ့ဒီကလေးရဲ့အဖေဆိုသူကိုလည်းမုန်းတယ်. !"

မုန်းရလွန်းလို့အသည်းတွေကြွေပြီးရူးမတတ်ပဲ !

မချစ်မနှစ်သက်တဲ့လူနဲ့ပေါင်းဖက်နေရသည့်အပြင် အမှားအယွင်းတစ်ခုကြောင့်ဖြစ်တည်လာတဲ့ဒီအရာက သူ့ကိုထပ်မံချုပ်နှောင့်မယ့်ကြိုးတစ်ချောင်းလို့ပဲ သူမမြင်သည်။

မမွေးခင်တုန်းကအသေကောင်လိုမျိုးငြိမ်သက်နေတဲ့ကလေးက အခုကျတော့အရိုးတွေကျိုးကြေမတတ် ၊ အသက်ထွက်လောက်တဲ့အထိနာကျင်မှုတွေပေးလေသည်။

ဒီကလေး သူမနာကျင်ရတာထက်အဆများစွာနာကျင်စေရမယ်လို့ ကျိန်ဆိုနေရင်း ကလေးငိုသံကကျယ်လောင်စွာထွက်ပေါ်လာသည်။

ဘေးကဆရာဝန်တွေရဲ့ " သားလေးပါနော် " ဆိုတဲ့စကားကိုသူမသတိမလစ်ခင်ကြားလိုက်ရသလိုပဲ။

ဘာပဲဖြစ်နေဖြစ်နေ ဒီကလေးကသူမအတွက်တော့ မပြီးဆုံးနိုင်တဲ့ဆောင်းရာသီအိပ်မက်ဆိုးတစ်ခုပဲ။

မိခင်တိုင်းမိဘမေတ္တာရှိနေရမယ်လို့ဘယ်သူကများပြောခဲ့တာလဲ ?

ဒါဆိုရင်အဲ့လူကိုခေါ်ပြီး သိပ်မုန်းရတဲ့လူတစ်ယောက်ရဲ့သွေးသားကို ခန္ဓာကိုယ်ထဲမှာဆယ်လလုံးထည့်ထားပြီး နေကြည့်မလား။

Wrong Person , Right Time ( 我爱你 ) [ YIZHAN ]Onde histórias criam vida. Descubra agora