[ BGM : အပိုဆု - ဆောင်းဦးလှိုင် ]
ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့ငိုသံတွေကိုအရေးတယူချော့မြူမဲ့သူမရှိမှန်းသိတဲ့အခါ ငိုသံတွေကသူ့အလိုလိုရပ်တန့်သွားကာ ထပ်ငိုဖို့စိတ်ကူးမရှိတော့။ ဂရုစိုက်မခံရတဲ့ဝမ်းနည်းမှုတွေအတွက် ရိပေါ်လေးမှာတိုင်တန်းဖို့မတတ်နိုင်ခဲ့။
ခြောက်ကပ်ကပ်အခန်းတစ်ခုထဲမှာ အလင်းရောင်ကဗလာနတ္ထိ။ ကလေးငယ်ဟာတိတ်ဆိတ်ခြင်း ၊ မှောင်မိုက်ခြင်းတွေနဲ့ပဲ မွေးကတည်းကနေသားတကျရှိနေခဲ့သည်။
ကလေးငယ်ရဲ့တစ်နှစ်သားမှတ်ဉာဏ်တွေက ဘယ်လောက်ကြာကြာတာရှည်ခံနိုင်မလဲဆိုတာမသိနိုင်ပေမဲ့။
သူ့ရဲ့မာမားလို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတွေ ၊ သူ့အပေါ်အလိုမကျဟန်တွေကိုတော့ အချိန်တော်တော်ကြာကြာမှတ်မိနေလောက်မယ်လို့ထင်သည်။ဝမ်ရှောင်အန်း အိပ်ပျော်နေတဲ့သားငယ်အား အိပ်ယာထက်သေချာချပေးကာ အခန်းထဲလေဝင်လေထွက်ကောင်းအောင်လုပ်ပေးနေသည်။
ပြတင်းပေါက်ဖွင့်လိုက်သည့်အခါ ညလေအေးကဝမ်ရှောင်အန်းရဲ့မျက်နှာထက်ရိုက်ခတ်သွားကာ ဆေးလိပ်ငွေ့တွေအားလွင့်ပြယ်စေသည်။
ပြတင်းပေါက်ဆက်ဖွင့်ထားလို့မဖြစ်တာကြောင့် ခဏနေတော့ပြန်ပိတ်ပြီး အခန်းအပူချိန်ညှိပေးပြီးသည်နှင့် အပြင်ကိုထွက်လို့သူ့ကိုမုန်းတီးနေပါတဲ့အမျိုးသမီးကို လိုက်ရှာရပြန်သည်။
အိမ်အပြင်ဘက်ရှိမြက်ခင်းစိမ်းတွေပေါ်မှာ ဆေးလိပ်တိုတွေကပြန့်ကြဲလို့။ သူသိပ်ချစ်ရတဲ့အမျိုးသမီးငယ်လေးက ထိုဆေးလိပ်တွေရဲ့တရားခံဖြစ်နေလေသည်။
မေဟွား ... ယဲ့မေဟွား သူချစ်ရတဲ့အမျိုးသမီး။
မေဟွားကိုစတွေ့ခဲ့သည့်အချိန်က သူမအထက်တန်းကျောင်းသူဘဝလောက်ကဖြစ်သည်။ မေဟွားကိုသူကတော့မြင်မြင်ချင်းမှာတင် သိပ်ချစ်ခဲ့ရပေမဲ့ သူမကတော့ သူ့ကိုမြင်တာနဲ့ခပ်စိမ်းစိမ်းကြည့်ကာ အဝေးသို့ရှောင်ဖယ်စမြဲ။
ဒီတိုင်းပါပဲ။ သူ့ကိုမြင်တာနဲ့ရှောင်ပြေးတတ်တဲ့မေဟွားကို အဝေးတစ်နေရာကငေးမောရင်းကျေနပ်နေခဲ့သည်။ သူမမကြိုက်ဘူးဆိုကာမှပဲ မိမိမှာသူမနှင့်အမြဲလိုလိုတွေ့ရဖို့ကံတစ်ချို့ကပါလာတော့သည်။ သခင်ငယ်လေးအား ကျောင်းပို့ ၊ ကျောင်းကြိုပေးရမယ့်တာဝန်အား သခင်ကြီးကပေးအပ်ခဲ့သည်။
YOU ARE READING
Wrong Person , Right Time ( 我爱你 ) [ YIZHAN ]
Fanfiction" 战哥 ,我爱你 。" First Collaboration With @whos_yongji. Warning : Includes some stories of child abuse and cruelty. If you don't like, you can skip. Don't Blame Me or Her(whos_yongji).