ကမ္ဘာ

620 23 0
                                    

ခုနှစ်တချို့ပြောင်းလဲသွားခဲ့ပြီ

Rachel ကျွန်တော့ဘေးကထွက်သွားတာအိပ်မက်မဟုတ်မှန်းပထမဆုံးလက်ခံလာခဲ့တယ်

ကမ္ဘာဆိုတဲ့ မိန်းကလေးကြောင့်ပေါ့

ကမ္ဘာကကျွန်တော်တို့မြို့က ခပ်အေးအေးကောင်မလေးပါပဲ
ဆံပင်နက်နက်ရှည်ရှည်တချို့ရယ်
ပြုံးလိုက်တိုင်းအစီရီပေါ်လာတဲ့ သွားဖြူဖြူလေးတွေကလွဲရင် ဘာမှဆွဲဆောင်မှုသိပ်မရှိတဲ့ကောင်မလေးပဲ
ကမ္ဘာက ဧည့်သည်တွေများတဲ့ ကျွန်တော်တို့မြို့မှာ tour လုပ်ငန်းလုပ်တယ်

ကမ္ဘာနဲ Rachel ကသိပ်ကွာခြားတယ်

ကမ္ဘာကျွန်တော့ကိုကြည့်တဲ့အကြည့်တွေက
တချိန်က ကျွန်တော်Rachel ကိုကြည့်ခဲ့တဲ့အကြည့်မျိုးပဲ

ကမ္ဘာကကျွန်တော့ရဲ့ ဒဏ်ရာတွေကို နားလည်ပေးနိုင်တယ်

ကမ္ဘာနဲ့တွေ့မှ အချစ်ခံရခြင်း ဆိုတာကိုပထမဆုံးခံစားမိသလိုပဲ

ကမ္ဘာဆီရောက်တဲ့အချိန်တိုင်း နွေးထွေးတဲ့ ခံစားချက်တချို့ပေါ်တယ်

Rachel လည်းပြောဖူးပါတယ်
ကျွန်တော့ ဆီရောက်ရင် အပြင်မှာသူမကြုံရတဲ့ စိတ်ဒုက္ခတွေသက်သာစေပြီး နွေးထွေးစေတယ်တဲ့
Rachel ဟာကျွန်တော့ကို အတ္တခပ်ကြီးကြီးနဲ့ရွေးချယ်ခဲ့တာပဲ

ကျွန်တော်ဟာအနည်းဆုံး Rachel ထက်တော့သာစေရမယ်လို့ ကြွေးကြော်ရင်း ကမ္ဘာကိုကျွန်တော်ချစ်ရေးဆိုခဲ့တယ်

ကမ္ဘာကအရောင်တွေကင်းကွာနေတဲ့ကျွန်တော့မျက်လုံးတွေကိုငေးကြည့်ရင်း

"အကို့သဘောပါ
ကမ္ဘာလည်းအကို့ကို ငယ်ငယ်တည်းကချစ်ခဲ့ရတာပါ" တဲ့

ကျွန်တော် Rachel ကိုပေးဖူးခဲ့တဲ့မေတ္တာတွေရဲ့ တစ်ဝက်မရှိတဲ့မေတ္တာကိုပေးရင်တောင်
ကမ္ဘာကကျွန်တော့်ကိုအရိပ်တကြည့်ကြည့်နဲ့ ပျော်နေတက်တယ်

ကျွန်တော်ကမ္ဘာ့ကိုအနိုင်မကျင့်ပါဘူး

Rachel ကို သတိရတဲ့နေတွေဆို ဝရံတာမှာ cigarette တစ်လိပ်လောက်ထွက်ဖွာတယ်
နောက်နေ့မနက်ဆို ကမ္ဘာကိုပိုချစ်ပေးမိတယ်

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Where stories live. Discover now