အတိတ်ဆိုး Rachel

652 23 0
                                    

ကမ္ဘာနဲ့ နေသားကျလာတဲ့ကျွန်တော် ပထမဆုံး သမီးငယ်ပေါက်စလေးမွေးဖွားလာတဲ့အချိန်မှာ အရင်ကထက်ပိုပြီး Rachel ကိုကျေးဇူးတင်မိတယ်

Rachel သာကျွန်တော့ကိုမထားခဲ့ရင် ကျွန်တော် အခုလိုပျော်ရွှင်ရမှာမဟုတ်ဘူး

အဆိပ်ရှိတဲ့ သူမနဲ့ဆက်ဆံရေးမှာအခံဘက်ကချည်း
ကျွန်တော်နေနေရမှာသေချာတယ်

သမီးလေးမွေးပြီးတော့  ကျွန်တော်နဲ့ ကမ္ဘာ ရန်ကုန်ကိုပြန်ရောက်လာတယ်

ကျွန်တော်အလုပ်ထွက်ပြီး New world ဆိုတဲ့ travel and tour လုပ်ငန်းလေးကမ္ဘာနဲ့အတူစခဲ့တယ်

တစ်ရက်တော့ ကျွန်တော့ရုံးကိုအမျိုးသမီးကြီးတစ်ယောက်ရောက်လာတယ်

အတော်လေးဥပဓိရုပ်ကောင်းတာတော့သတိထားမိတယ်

သူက တက်ကြွလန်းဆန်းနေတဲ့ ကျွန်တော့ကို

အရောင်တွေမှိန်နေတဲ့ မျက်လုံးတွေနဲ့ကြည့်တယ်

ကျွန်တော် ရှိတဲ့ package တွေအကြောင်းအားကျိုးမာန်တက်ရှင်းပြနေပေမဲ့ ထိုအမျိုးသမီးကြီးက စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး

" အန်တီ့သမီးအရမ်းချစ်ခဲ့တဲ့ယောကျာ်းကဘယ်လိုပုံမျိုးလဲသိချင်လို့လာကြည့်တာ"

သူမပြောလိုက်တဲ့စကားကြောင့် ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားမိတယ်

" ဗျာ အန်တီလူမှားနေတာလားခင်ဗျ"

ထိုအမျိုးသမီးကခေါင်းခါရင်း
သူ့ရှေ့ကို စာအုပ်ခပ်လတ်လတ်တစ်ခုထိုးပေးတယ်

" Rachel ကို သားသိတယ်ဆိုရင်အန်တီလူမမှားပါဘူး"

နှစ်ပေါင်းများစွာမေ့ထားပစ်ခဲ့တဲ့ နာမည်ကိုကြားတော့ကျွန်တော်ငလျင်လှုပ်သလိုခံစားလိုက်ရတယ်

ထိုအမျိုးသမီးကြီးက သူ့ရှေ့ကထွက်သွားခဲ့တယ်

အချိန်အတော်ကြာတဲ့ထိ စာအုပ်ကိုမှင်သက်ရင်း ကြည့်နေခဲ့မိတယ်

ဘာရည်ရွယ်ချက်နဲ့လာပေးရတာလဲတွေးရင်းဒေါသထွက်မိတယ်

ဒီမိန်းမနဲ့ပတ်သက်တဲ့ အတိတ်ဆိုးတွေကို ကျွန်တော်မုန်းတယ်

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Where stories live. Discover now