နေရစ်ခဲ့တော့ Rachel

685 25 0
                                    

" လမ်းခွဲရအောင် Rachel"

မထူးဆန်းတဲ့စကားကိုကြားလိုက်ရသလိုသူမက ကျွန်တော့်ကိုကြည့်သည်

ဟုတ်တယ် ကျွန်တော်တို့ရဲ့လမ်းခွဲပြတ်ဆဲခြင်းက ကျွန်တော့်အပေါ်မူတည်မနေဘူး

မကြာခဏ ကျွန်တော် ပြောခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ကျွန်တော် ဆုံးဖြတ်ချက်က ပြတ်သားနေခဲ့တယ်

ကျွန်တော်နဲ့သူမ type မတူဘူး

ဘာသာမတူဘူး

နောက်ပြီးခံယူချက်တွေမတူဘူး

အဆင့်အတန်းကလည်းကွာခြားလွန်းတယ်

ကျွန်တော့သူမနဲ့ဘဝလျှောက်လှန်းဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူး

သူမဘေးမှာရှိနေရင်းနဲ့ကိုကျွန်တော်သိမ်ငယ်နေမိတယ်

ဒီတစ်ခါလည်းသူမက ကျွန်တော့ကိုအရင်အခေါက်တွေလိုပဲ ဆွဲမထားဘူး

ကျွန်တော်သူမနားကလွယ်လွယ်နဲ့ထွက်မသွားနိုင်တာကိုသိလို့လား

အိမ်မှာမွေးထားတဲ့ကြောင်လေးတစ်ကောင်အပြင်ထွက်သွားပြီး အိမ်ကိုသေချာပေါက်ပြန်လာမှာကြိုသိနေတဲ့ သခင်တစ်ယောက်လို ယုံကြည်မှုတွေသူမမျက်ဝန်းထဲမှာတွေ့နေရတယ်

ကျွန်တော့ကို
" သဘောလေတဲ့ "
တစ်ခွန်းထဲပြောရင်း Cigarette ကိုရှိုက်ဖွာရင်းသူမရပ်နေခဲ့တယ်

မီးရောင်ကသူမခန္ဓာကိုယ်တစ်ခြမ်းပေါ်ဖြာကျနေသည်

ဆေးလိပ်ငွေ့တွေကြားမှာအလှကြီးလှနေခဲ့သောသူမက သိပ်လှတဲ့မိစ္ဆာမလေးတစ်ယောက်လို

" ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ Rachel "

ကျွန်တော်သူမကိုလှည့်ကြည့်ပြီးပြောတယ်

အမှတ်မရှိစကားတွေရှည်နေခဲ့မိတယ်

သူမဆီကတုံ့ပြန်မှုတစ်ခုခုကိုနားစွင့်နေခဲ့သေးတယ်

သူမကတုတ်တုတ်မျှမလှုပ်
ကျွန်တော်ထွက်သွားတိုင်း မဆွဲထားတက်တဲ့သူမ မတုန်လှုပ်တက်တဲ့သူမ

ဒါကလည်းသူမကိုကျွန်တော်နာကျဉ်းစေတဲ့အကြောင်းရင်းတွေထဲမှာပါမယ်ထင်တယ်

ချစ်လှစွာသော ရက်စက်တက်သောRachel ရေ....နေခဲ့ပေဦးပေါ့

" လမ်းခွဲရအောင် Rachel"





ဘာသာမတူဘူး








ကျွန်တော့ကို
" သဘောလေတဲ့ "










ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Où les histoires vivent. Découvrez maintenant