Cigarette ကိုမုန်းတဲ့နေ့စွဲများ

638 23 0
                                    

နွေဦးရောက်လာတဲ့တစ်နေ့မှာ သူမကကျွန်တော့ကိုပြောတယ်

ကျွန်တော့ဘေးမှာနေရတာ သူ့အတွက်အဆင်မပြေတော့ဘူးတဲ့

ဟုတ်ပါတယ်လေ

ဒီအတောအတွင်းသူမသိသိသာသာပိန်ကျသွားတာပဲ

" မောင်တောင်းပန်ပါတယ်" ကျွန်တော်ဒီစကားကလွဲဘာမှမပြောနိုင်ခဲ့

" မောင်ကလူပျော့ပဲ" သူမပြောတဲ့စကားလုံးအောက်မှာကျွန်တော်ဟာပိပြားလျက်

ဘာလို့ကျင့်သားရကာစပြုတဲ့ကျွန်တော့ ဒဏ်ရာကို ပြန်ဆွရတာလဲ

ကျွန်တော် စိတ်ထဲကအော်ဟစ်မေးလိုက်ချင်တယ်

ဒါပေမဲ့ အပြင်မှာတော့ ကျွန်တော်ဟာ နှုတ်ဆိတ်ငြိမ်သက်လို့

အဲ့ဒီ့ခဏဟာ ဘာမှမကြာခဲ့ပေမဲ့

ကျွန်တော်ဟာ သူမထွက်သွားတာကိုအစအဆုံးရပ်ကြည့်နေခဲ့တယ်

ချစ်နိုင်သလောက်ချစ်ပြီးပြီမို့
ကျွန်တော်ဟာ ဒီတစ်ခါတော့မဆွဲထားရက်

အခန်းထဲမှာသူမဆီကရေမွှေးနံ့အီအီလေးတွေကျန်ခဲ့တယ်

တွန့်ကြေနေတဲ့ အိပ်ရာခင်းစအဖြူရောင်ပေါ်မှာ သူမကိုယ်ငွေ့တချို့ကျန်ခဲ့တယ်

သက်ပြင်းခပ်ရှည်ရှည်ချရင်း

ကျွန်တော်အချိန်အကြာကြီးငူငူကြီးထိုင်နေခဲ့တယ်

မပြည့်စုံခဲ့ပေမဲ့

အတက်နိုင်ဆုံး အစွမ်းကုန်ချစ်ပေးခဲ့ပြီးပြီပဲ

နောက်ထပ် Rachel မရှိတဲ့နောက်ထက်နေ့တွေကျွန်တော်ဖြတ်သန်းရတော့တယ်

ကျွန်တော်ဟာ နှလုံးသားမရှိတဲ့လူတစ်ယောက်လိုဖြစ်သွားခဲ့ပါတယ်
စက်ရုပ်တစ်ရုပ်လို ကျွန်တော်အလုပ်တွေဖိလုပ်နေတက်တယ်

လခစားဝန်ထမ်းတစ်ယောက်မို့ Rachel ရဲ့ရေမွှေးဖိုးလောက်ကိုတောင်ပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်

နေ့duty ည duty တွေဝင်တယ်
ခေါက်ဆွဲခြောက်တစ်ချို့နဲ့ ရက်ဆက်နေခဲ့တာတွေ
အကြွေးတွေလည်ပင်းထိနစ်နေခဲ့တာ Rachel ဘာမှမသိခဲ့ဘူး

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Où les histoires vivent. Découvrez maintenant