အမှတ်တရတချို့နဲ့ Rachel

1.2K 39 6
                                    

လူတစ်ယောက်ကသေရမဲ့နောက်ဆုံးအချိန်ကိုကြိုသိနေရင်ဘာလုပ်ချင်မလဲမောင်ထင်လဲ

ကျွန်မကတော့ မောင့်ဆီပြေးလာခဲ့တယ်

မောင်ကျွန်မကိုလမ်းခွဲတဲ့အချိန်က
ကျွန်မအတော်လေးတုန်လှုပ်သွားခဲ့တယ်

ဘယ်တုန်းကများမောင် Rachel ကိုထားခဲ့ဖို့သတ္တိတွေရှိသွားခဲ့တာလဲလို့

အဲ့ဒီနောက်ပိုင်းမှာမောင်မသိတဲ့အဖြစ်ပျက်တချို့ Rachel မှာရှိခဲ့တယ်

Rachel ပျော်ပျော်နေခဲ့တယ်ဆိုပေမဲ့

မောင့်ကိုချစ်ခဲ့တာကအပျော်မဟုတ်ခဲ့ပါဘူး

ကျွန်မမောင်အနည်ထိုင်သွားတဲ့အချိန်ထိစောင့်ပေးခဲ့တာ
ကမ္ဘာအသိဆုံးပါ

ကျွန်မရဲ့နောက်ဆုံးနေ့ရက်တွေမှာအတူရှိပေးခဲ့လိုကျေးဇူးတင်ပါတယ်

လူဆိုတာသေရင်တောင်ပျော်ပျော်ရွှင်ရွှင်သေချင်တဲ့အမျိုးမို့ Rachel မောင့်ဆီရောက်လာခဲ့မိတာပါ

သေလောက်အောင်လွမ်းနေပေမဲ့

မောင်လဲပြိုသွားတယ်ဆိုတဲ့သတင်းတွေကြားနေပေမဲ့

Rachel ပြေးမလာနိုင်ခဲ့ဘူး

ဆေးတွေသွင်းထားလို့ ကတုံးဆံပင်ပေါက်နဲ့ Rachel မျက်နှာကို မောင့်ကိုမတွေ့စေချင်ခဲ့ဘူး

အရာရာအတွက်ကျေးဇူးတင်ပါတယ်

ခပ်တိုတိုရေးထားတဲ့ စာကိုမြင်တော့ ကျွန်တော် ကမ္ဘာ့မျက်နှာကိုနားမလည်စွာကြည့်မိတယ်

ကမ္ဘာကအရာအားလုံးကိုသိနေခဲ့တာလား

"ကျွန်မပြောဖူးတယ်လေအကို အကိုက Rachel ကိုရော ကမ္ဘာ့ကိုရော တကယ်မချစ်ပါဘူး
ကိုယ့်ကိုယ်ကိုယ်ချစ်နေတဲ့သူသက်သက်ပဲဆိုတာ"

" အဲ့ဒီ့အချိန်ကအကိုမှသဘောမပေါက်ခဲ့တာ"

ကမ္ဘာပြောတာမှန်တယ်

ကျွန်တော် ဘယ်တုန်းကမှ Rachel ကို မြင်အောင်မကြည့်နိုင်ခဲ့ဘူး

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Donde viven las historias. Descúbrelo ahora