ကျွန်တော် မရှိမဲ့ရှိမဲ့မာနတွေနဲ့ကျွန်တော့်မွေးရပ်မြေကိုပြန်သွားခဲ့တယ်
ရန်ကုန်မှာသာရှိနေရင် သူမကိုသတိရတဲ့စိတ်နဲ့
ကျွန်တော်သေမှာပဲRachel မရှိတဲ့ဘဝကကျွန်တော့်အတွက်နေရောင်ပျောက်တဲ့မနက်ခင်းတွေလိုပဲ အေးစက်မှောင်မဲနေတယ်
ကြာကြာနေလေ နာကျင်ရလေပဲမို့
အချိန်တန်သူမက ကျွန်တော်နဲ့မသက်ဆိုင်တဲ့ ဘဝမှာကိုပျံသန်းသွားရမှာမို့
စောစောစီးစီးနှုတ်ဆက်လိုက်ပါတယ် Rachelဒီလိုနဲ့ကျွန်တော်ရန်ကုန်ကနေထွက်လာတာ ၃ လရှိပြီ
အများအားဖြင့်ကျွန်တော့ရဲ့ညနက်တွေဟာသူမရဲ့ account မီးစိမ်းနေတာကို ထိုင်ကြည့်ရင်းအချိန်ကုန်ခဲ့တယ်
လွမ်းတယ် Rachel
ဒီအလွမ်းတွေကိုဘယ်လောက်ကြာကြာကျွန်တော်တောင့်ခံနိုင်မလဲမသေချာဘူးကျွန်တော် နယ်ဘက်ရောက်လာပေမဲ့ အလုပ်တော့မပြုတ်ခဲ့ဘူး
နယ်ကတာဝါတိုင်တွေ maintenance ပိုင်းမှာကျွန်တော်တာဝန်ကျတယ်
အလုပ်တွေဖိလုပ်နေခဲ့လည်း သူမဘယ်လိုတည်ရှိနေမလဲတွေးမိတယ်
သူမနဲ့ကျွန်တော်ဒီလောက်ကြာကြာတစ်ခါမှမဝေးဖူးဘူး
တစ်ခုသောနံနက်ခင်းမှာ
ကျွန်တော့်ရုံးခန်းရှေ့မှာ range rover ကားအဖြူရောင်တစ်စီးလာရပ်တယ်
အဲ့ဒါ သူမကားမှန်း ကျွန်တော်သိသိချင်းကျွန်တော်မျက်နှာကွက်ခနဲပျက်သွားမိတယ်
ကျွန်တော့မှာသူမကိုရင်ဆိုင်ဖို့ အင်အားမရှိသေး
နောက်ပြီး သူမရဲ့အသံချိုအီအီလေး ကျွန်တော့်ရုံးခန်းရှေ့ရောက်လာတယ်
နောက်ပြီး သူမဆီကရနေကျ Coco Mademoiselle အနံ့လေး
အရာအားလုံးက ရုပ်ရှင်ထဲက slow motion ပြချက်တွေလိုသူမက ကျွန်တော့်ဆီတည့်တည့်လျောက်လာတယ်
" စကားပြောချင်လို့ရမလား"
သူမချာခနဲလှည့်ထွက်သွားပေမဲ့ ကျွန်တော်သူမနောက်ကို ခပ်ကုပ်ကုပ်လိုက်သွားမိတာပဲ
BINABASA MO ANG
ငါတို့ကြားကတခြားအရာများ ( The Other Things Between us)
Romanceတကယ်ဆိုကျွန်တော် cigarette ဖွာတဲ့မိန်းမတွေကိုမုန်းတယ် ဒါပေမဲ့ Rachel ကိုကျကျွန်တော်ချစ်တယ် အခုကြည့်လေ ကျွန်တော်တစ်ခါမှမဖွာဖူးတဲ့ cigarette တွေ သူမကြောင့် ဖွာနေရပြီ အချိန်တန်တော့လည်းကျွန်တော်ဟာ သူမခဏတာ တိတ်တိတ်ပုန်းပေါင်းသင်းခဲ့တဲ့ လူတစ်ယောက်သာသာပါပဲ