အပိုင်း-(၇)
အသင်္ချေသည့်ချစ်ခြင်းမေတ္တာက ကမ္ဘာမြေ၏မည်သို့သော အရပ်ဒေသ၌ စတင်၍မွေးဖွားရှင်သန်သနည်း။ နာကျင်လွန်း၍ မောဟိုက်နေသည့် နှလုံးသားက အာဟာရပြည့်ဝသည့်နှယ်။ ထိုအပြုံးများသာလျှင် ဖြစ်မည်။ နူးညံ့သည့်အပြုံးများ။ ပဉ္စလက်ဓာတ်များ ပါဝင်သည့်အပြုံးများနှင့် သံသရာအဆုံးထိ စွဲလမ်းစေနိုင်မည့် ထိုယောက်ျား၏အပြုံးများသာ ဖြစ်မည်။ နုပျိုသည့်နှလုံးသားရေးရာအတွက် သူနောက်ထပ်တစ်ကြိမ် မွေးဖွားခဲ့ပါသည်။
ယနေ့တိမ်မထူပါ။ နေရောင်ခြည်ကသာ စူးစူးရှရှနှင့် ထွန်းလင်းတောက်ပ နေသည်။ ဒီဇင်ဘာ၏လကုန်ရက်ဖြစ်၍ ယခင်ရက်များကဲ့သို့ နှင်းများထူထည်းနေခြင်း မရှိပါ။ ဖွဲရုံသာရှိသည့် နှင်းပွင့်ဖြူလွှလွှများကိုသာ ငေးခွင့်ရ၏။ တစ်ညလုံး၊ တစ်မနက်ခင်းလုံး နှင်းရည်ကိုသောက်သုံးခဲ့ကြသည့် ပန်းကလေးများက ပျိုမြစ်လှပစွာ ဖူးပွင့်နေကြသည်။ နွေးထွေးမှုက လောကတခွင်ကို ယှက်သိုင်းထား၏။ သည်နေ့တော့ဖြင့် သူလွတ်လွတ်လပ်လပ် ပျော်ရွှင်နေခဲ့သည်။
သည်နေ့က ကင်မ်ထယ်နှင့်ဂျောင်ဂု၏ ပထမဦးဆုံးဒိတ် ဖြစ်သည်။ ပုံမှန်ရက်များ၌ ဆိုင်ကယ်ဖြင့်သာ အသွားအလာလုပ်တတ်သည့်ကင်မ်ထယ်က ယနေ့၏နေ့လည်ခင်း၌ အနက်ရောင်ပြောင်လက်နေသည့် မော်ဒယ်သစ်ကားတစ်စီးဖြင့် လာကြိုသည်။ မျက်ဝန်းများကပြုံးနေလျက် ရင်ခုန်သံမြန်နေပုံရသည့် ကင်မ်ထယ်သည်တလမ်းလုံး၌လည်း ဂျောင်ဂု၏မျက်နှာကို အစဉ်မပြတ်လှည့်ကြည့်သေးသည်။ ဦးဆုံးအကြိမ်က နှစ်ဦးသားအဖို့ အနည်းငယ်တော့ဖြင့် ဗရုတ်သုတ်ခနိုင်ခဲ့သည် ဖြစ်၏။
ကားရပ်သည့်နေရာက ရိုးရာဝတ်စုံရောင်းသည့် ဆိုင်တစ်ဆိုင်၏အရှေ့၌ ဖြစ်သည်။ ကားပေါ်မှအရင်ဆင်းသွားသည့် ကင်မ်ထယ်ကပွင့်ရိုက်ဆင် ရှပ်လက်ရှည်အညိုနှင့် ဂျင်းပင်အရောင်ဖျော့နှင့်။ သွက်လက်သည့်ခြေလှမ်းများက သူရှိရာတံခါးဘက်သို့ ဦးတည်၍ဖွင့်ပေးလျှင် ဂျောင်ဂုကအနည်းငယ်ပြုံး၍ ဆင်းဖြစ်ခဲ့သည်။ မိုးကောင်ကင်ကအပြာရောင်။ သည်လူ၏ အပြုံးများကလည်း တောက်ပနေပြန်၏။
YOU ARE READING
Value ||Edited Version||